'ငါရောက်တော့မယ် လမ်းထိပ်ထွက်စောင့်နေ'ဆိုတဲ့ message ကြောင့် ချင်မော့ကျင်းတစ်ယောက် လမ်းထိပ်မှာ မတ်တပ်ရပ်နေတာ နာရီဝက်ကျော်နေပြီ။
တကယ်က ရှောင်းကျန့်နဲ့ အတန်းကွဲသွားတည်းက သိပ်အခေါ်မပြောမလုပ်ပဲနေလာခဲ့ရာက ထိုနေ့က ကန်တင်းမှာ ရှောင်းကျန့်နားထိုင်နေတဲ့ တစ်ယောက်ကို စိတ်ဝင်စားမိလို့ ချင်မော့ကျင်း ခုလိုပြန်ပြီးလိုက်ပူးနေခြင်းသာဖြစ်သည်။
ရှောင်းကျန့်လို အူတူတူအတတကို သူငယ်ချင်းလုပ်ချင်တာ မဟုတ်ပေမယ့် စာတော်သောကျောင်းသားမို့ စာရှင်းခိုင်းတာတို့ အိမ်စာကူရေးခိုင်းတာတို့ အနိုင်ကျင့်လို့ရလို့ ချင်မော့ကျင်းက ပေါင်းနေခြင်းသာ။
တကယ်ဆို မော့ကျင်းက BI တစ်ယောက်ဖြစ်သလို အိမ်ကလဲသိပ်မချမ်းသာတာမို့ ရုပ်ရှိ ရေလျှံတွေလောက်နဲ့သာ ပေါင်းချင်တာဖြစ်သည်။ခုလဲ ရှောင်းကျန့်ကို ခင်လွန်းလို့ခေါ်နေခြင်းမဟုတ်ပဲ ဝမ်ရိပေါ်ဆိုသောသူနှင့်ပတ်သတ်ချင်လို့သာ ရှောင်းကျန့်ကို အချိုသတ်ပေါင်းနေခြင်းဖြစ်သည်။
"တက်!!"
"ဝိုး ဝမ်ရိပေါ် မင်း ကားက အကောင်းစားကြီးနော် ငါ ကျောင်းစတက်တဲ့နေ့က ဒီကားကိုတွေ့လိုက်သေးတယ် မင်းကိုလာပို့တာဖြစ်မယ် ဟုတ်တယ်မလား?"
ဒရိုက်ဘာဘေးက ရှေ့ခန်းတံခါးကိုဖွင့်ကာတက်ခိုင်းလိုက်တော့ ကားထဲရောက်တာနဲ့ သေချာစူးစမ်းကာ ချီးမွမ်းခန်းဖွင့်နေတဲ့သူကို အရေးလုပ်မနေတော့ပဲ ရှောင်းဆီသာ ဖုန်းခေါ်လိုက်တော့သည်။
'ရှောင်း ငါရောက်တော့မယ်နော်'
'အင်း အင်း ငါအိပ်ယာနိုးပါပြီ'
'အိပ်ပုတ်ပဲ မင်းက'
'မင်းက အစောကြီးလာတာကိုး ငါက ပိတ်ရက်ဆို နေ့ခင်းထိအိပ်တာ အကျင့်ဖြစ်နေတဲ့ဟာကို'
'အေးပါ ငါ့အပြစ်ပဲထားပါ'
'ဒါပေါ့ မင်းအပြစ်ပဲလေ'
'အေးပါကွာ ရောက်တော့မယ်နော်'
'အင်း အင်း'
အိပ်ပုတ်လေးကို အိမ်ကမထွက်ခင်တည်းက လှမ်းနှိုးထားပေမယ့် သူ့အိမ် ကိုယ်မရောက်မချင်းမထဘူးဆိုတာသိနေတာမို့ သေချာအောင် ဖုန်းထပ်ဆက်ထားရတာ မဟုတ်ရင် သူပြင်တာကို ငုတ်တုတ်ထိုင်စောင့်ရဦးမှာ။စောင့်ရတာကိုယ့်အတွက် ဘာမှမဖြစ်ပေမယ့် ခုတခေါက်က ချင်မော့ကျင်းပါလာတာမို့ သူ့ကိုတော့ ရှောင်းတို့အိမ်ပေါ်ထိ တက်ခွင့်မပြုချင်ပေ။
YOU ARE READING
Love Knot (မေတ္တာနှောင်ကြိုး) (Completed)
Fanfictionဒီလိုဝေးကျရမယ်မှန်းသာကြိုသိခဲ့ရင်... ချစ်မိသမျှ အရာရာဆုံးရှုံးတတ်တဲ့ငါက မင်းကို ထပ်ပြီးမတွယ်တာမိအောင် နေခဲ့မိမှာ။