ကိုကို့နဲ့ဝါသနာတွေအကြောင်းပြောတုန်းကတောင် ဘတ်စကတ်ဘောဝါသနာပါပြီး ကစားလဲကစားတယ်ပြောမိတာ အံ့ဩတကြီးဖြစ်တာ ခံလိုက်ရသေးသည်။ပန်းချီလဲဝါသနာပါတယ်ပြောမိတော့ 'အဲ့ဒါကမှ ဘေဘီနဲ့လိုက်တာ'ဆိုပဲ။
"ငါတို့အဖွဲ့မှာ လက်ရွေးစင်တွေ ထပ်ဝင်လာလို့ ဂုဏ်ယူပါတယ်"
"ဂုဏ်ယူပါတယ် ဟေးးးး"
ခေါင်းဆောင်စကားကို အသင်းသားတွေပါ ထပ်ဆင့်ထောပနာပြုလိုက်ကျတာ ကွင်းထဲမှာအသံတွေကိုပဲ့တင်ထပ်နေရောပဲ။
"ရိပေါ် ဒါ ရှောင်ထန်းတဲ့ ဒုအသင်းခေါင်းဆောင်"
"တွေ့ရတာဝမ်းသာပါတယ်"
"ကျွန်တော်လဲ ဝမ်းသာပါတယ် ဝမ်ရိပေါ် ..လာပြီးအားဖြည့်ပေးလို့လဲ ကျေးဇူးတင်ပါတယ်ဗျ"
"အာ ရပါတယ်"
"ကဲ လေ့ကျင့်မှု့စ,မယ်ဟေ့!"
တစ်နာရီနီးပါးကစားအပြီးမှာတော့..
"ရော့ ရေသောက် အမြန်ကြီးမသောက်နဲ့နော် ဖြေးဖြေးချင်းနဲ့နည်းနည်းစီသောက်"
"အင်း"
ရေဘူးကိုကမ်းပေးပြီးကာမှ လက်ထဲထည့်မပေးပဲ တသီတတန်းကြီးမှာတမ်းခြွေနေသူကို ပြုံးပြီးသာစိုက်ကြည့်နေမိလိုက်တယ်။ကိုယ့်ကို ရိပေါ်လောက် ဂရုစိုက်မယ့်သူငယ်ချင်း မရှိဖူးတာမို့ သူ့အပြုအမူတွေကို မမက်မောပါဘူးလို့ ရှောင်းကျန့်ပြောရင်လဲ လိမ်တာပဲဖြစ်မည်။
"ဝမ်ရိပေါ်က ရှောင်းကျန့်ကို တကယ်ဂရုစိုက်တယ်နော်"
"အင်း"
"အာ ရှောင်ထန်းရာ မင်းကလဲ ရိပေါ်က အဖွဲ့ထဲမှာ ငါနဲ့ပဲသိသေးလို့ပါ"
"ငါဘာပြောနေလို့လဲ ရှောင်းကျန့်ရာ တကယ်ဆို အဲ့လိုကိုယ့်အပေါ်အရမ်းကောင်းပြီး ဂရုစိုက်ပေးတဲ့သူငယ်ချင်းရှိတာ ကောင်းတယ်လို့ ငါကပြောမလို့ပါ"
"အော် အေးပါ"
"ကဲ နားလို့ဝ,ရင် ပြန်စ,ကျမယ်!"
နည်းပြစကား ကြားရမှပဲ အသက်ဝ,ဝရှူရတော့တယ်။
"ရှောင်းကျန့် မင်းပိန်သွားတယ်နော် အစားများများစားဦး"

ESTÁS LEYENDO
Love Knot (မေတ္တာနှောင်ကြိုး) (Completed)
Fanficဒီလိုဝေးကျရမယ်မှန်းသာကြိုသိခဲ့ရင်... ချစ်မိသမျှ အရာရာဆုံးရှုံးတတ်တဲ့ငါက မင်းကို ထပ်ပြီးမတွယ်တာမိအောင် နေခဲ့မိမှာ။