"ဖွား!!""အားကျန့်! အမလေး! ဖွားက လွမ်းနေတာ မြေးကို"
"သားလဲ လွမ်းနေတာပါနော်"
"အေးပါကွယ် အေးပါ"
"လာ လာ မြေးဝမ်လဲ လာ"
မြေးနဲ့အဖွား အိမ်ဝတွင် အလွမ်းသယ်နေကျတာ နောက်ကအထုတ်ဆွဲလာတဲ့ ကိုယ့်ကို ခုမှမြင်တယ်ထင်ပါ့။
"ဘယ်လောက်နေကျမှာတုန်း မြေးတို့က"
"ဒီတခေါက် အကြာကြီးနေမှာ ဖွားရဲ့နော် ရိပေါ် "
သူ့အဖွားကိုလဲပြောသလို ကိုယ့်ဖက်ကိုလဲအတည်ပြုခိုင်းနေသေးတာကြောင့် အဲ့ဒီတော့လဲ..
"ဟုတ်တယ် အဖွား ဒီတခေါက် အလုပ်တွေဖျက်ခဲ့တာမို့ ကြာကြာနေဖြစ်မှာပါ"
"အေး အေး ဖွားက ဟိုတခါလို ကတိုက်ကရိုက်ကြီးပြန်သွားကျမှာစိုးတာရယ်ပါ"
အရင်တခေါက်က လန်ဒန်ကကုမ္ပဏီမှာ ပြဿနာပေါ်လို့ အမြန်ပြန်သွားခဲ့ရတာကို အဖွားက အမှတ်ထားနေပုံပင်။
"ဟုတ်ကဲ့ စိတ်ချပါဖွား ဒီတခေါက် တကယ်ကို အေးဆေးနေမှာပါ"
"ဒါဆို သွားနားကျ သွား! ဖွား သားတို့အခန်းကိုအမြဲသန့်ရှင်းရေးလုပ်ထားတာ ဝင်နေရုံပဲ သွား သွား!"
"ဟုတ် ဖွား လာ ရိပေါ် !"
တော်သေးတာပေါ့ ယောက်ျားကိုမမေ့သေးလို့။
"ဟား ခုမှပဲ အညောင်းပြေတော့တယ်!"
ကုတင်ပေါ်ကန့်လန့်ဖြတ်လှဲချပြီး ခြေထောက်တွေအောက်ချထားတဲ့ ရှောင်းက ဖိနပ်တွေကစီးထားရက်သား။
"အ့ ရိပေါ် ရပါတယ်"
အိမ်စီးဖိနပ်ရော ခြေအိတ်ကိုပါဆွဲချွတ်ပေးလိုက်တော့ အိပ်နေရာက ထ,လာပြီး ငြင်းဆန်ပါလေရော။ဘယ်လောက်ပဲလုပ်ပေးလုပ်ပေး သူ့မှာ ကိုယ့်အပြုအမူတွေနဲ့ အကျွမ်းတဝင်ကိုမဖြစ်သေး။
"လာပါကွာ မင်းညောင်းနေတဲ့ဟာကို နှိပ်ပေးရဦးမလား?"
"ရပါတယ် ရိပေါ်လဲ အတူတူပဲဟာကို ငါက ပိုညောင်းနေတယ်ဆို မဟုတ်သေးဘူးလေ နော်"
"ကိုယ့်အသဲလေးက ပိုညောင်းနေတာ ကိုယ်သိတာပေါ့ကွာ လာပါ"
ပါးစပ်ကသာငြင်းနေတာ လက်တွေဇက်ပေါ်တင်ပြီး နှိပ်ပေးတော့လဲ ဇိမ်ခံနေသေးတာရယ်။
BẠN ĐANG ĐỌC
Love Knot (မေတ္တာနှောင်ကြိုး) (Completed)
Fanfictionဒီလိုဝေးကျရမယ်မှန်းသာကြိုသိခဲ့ရင်... ချစ်မိသမျှ အရာရာဆုံးရှုံးတတ်တဲ့ငါက မင်းကို ထပ်ပြီးမတွယ်တာမိအောင် နေခဲ့မိမှာ။