"မဒမ် ကျွန်တော်တို့ကိုခေါ်ရတဲ့ အကြောင်းအရင်းက.."
မနေ့က ဖုန်းဆက်ကာ ရှယ်ယာရှင်များကို မနက်ဖြန်ကုမ္ပဏီမှာ အစည်းအဝေးရှိတယ်ပြောထားတဲ့ Msကက်သရင်းကို ရှယ်ယာရှင်တစ်ဦးမှ မေးလိုက်တာဖြစ်သည်။
"ဟုတ်ကဲ့ ကျွန်မ ဒီနေ့ အားလုံးကိုစုဝေးရတဲ့အကြောင်းကတော့ ကျွန်မက ဒီနေ့ပဲ ဒီလုပ်ငန်းစုကြီးရဲ့ဥက္ကဌနေရာကို လွှဲပြောင်းယူမယ်ဆိုတာ ကြေငြာချင်လို့ပါ"
"ဟာ ဒါတော့ မဟုတ်သေးဘူးလေ အရင် ဥက္ကဠကြီး ပြောသွားတာ ဒီလိုမှ မဟုတ်တာ"
"ဟုတ်တယ် ဟုတ်တယ်"
"ဒီလိုလုပ်လို့မရဘူးလေ"
"သူ့ရှယ်ယာနဲ့ ဒီလိုလုပ်လို့မရဘူးလေ"
ကျွီ*
တစ်ယောက်တစ်ပေါက်ဆူညံနေတဲ့ အစည်းအဝေးခန်းရဲ့ တံခါးက အသံတချက်ပေးရင်းပွင့်လာတဲ့အခိုက်။"Leo!?"
"ဝမ်သခင်လေး!"
အားလုံးရဲ့အသံတွေက မီးကိုရေနဲ့ငြှိမ်းသတ်လိုက်သလို ငြိမ်ကျသွားတယ်။
"အာ လူမစုံပဲ ဥက္ကဠသစ်ရွေးပွဲလုပ်နေကျတာလား?"
"ဟို..
"မဟုတ်..
"ကဲ ကဲ! ထိုင်ကျပါ! ထိုင်ကျပါ!"
"ဝမ်သခင်လေးက တရုတ်မှာမလား ဘယ်လိုက ဘယ်လို.."
"ဟုတ်ပါတယ် ကျွန်တော်က တရုတ်ကကျွန်တော်အဖေရဲ့အုပ်ထိန်းမှု့အောက်မှာ ပညာအေးဆေးသင်နေတာပါ ဒါပေမယ့်လဲဗျာ ခုကုမ္ပဏီမှာက ဥက္ကဠသစ်တင်မြှောက်နေတယ်ပြောတော့ ကျွန်တော်လဲလာရမှာပေါ့ မဟုတ်ဘူးလား အဖွဲ့ဝင်လူကြီးမင်းများ"
စားပွဲထိပ်ကလွတ်နေတဲ့နေရာမှာဝင်ထိုင်လိုက်ရင်းက အခန်းထဲက လူကြီးမင်းများကို တချက်ဝေ့ကြည့်လိုက်တယ်။
"Leo! နင်!"
"ဟုတ်ကဲ့ ဘာများပြောချင်ပါသလဲ Msကက်သရင်း"
"နင် ငါ့ကို ဘယ်လိုခေါ်လိုက်တယ်!!"
"ကိုယ့်ကိုသားအဖြစ်မသတ်မှတ်တဲ့ အမေကို ကျွန်တော်ကလဲ အမေလို့မသတ်မှတ်နိုင်တာ တရားပါတယ်ဗျာ"
![](https://img.wattpad.com/cover/368526571-288-k52754.jpg)
YOU ARE READING
Love Knot (မေတ္တာနှောင်ကြိုး) (Completed)
Fanfictionဒီလိုဝေးကျရမယ်မှန်းသာကြိုသိခဲ့ရင်... ချစ်မိသမျှ အရာရာဆုံးရှုံးတတ်တဲ့ငါက မင်းကို ထပ်ပြီးမတွယ်တာမိအောင် နေခဲ့မိမှာ။