"မနက်ဖြန် staff party နော် ရှောင်းကျန့်"
"ငါ မလာတော့ပါဘူး"
"ဟာ ဘာလို့လဲ မင်းကလဲကွာ"
"မင်းသိရက်သားနဲ့ ကျိရန်ရာ ငါမလာချင်ဘူး"
"မရဘူးနော် ရှောင်းကျန့် မင်းလိုချင်ချင် မလိုချင်ချင် ဒီကုမ္ပဏီက ခုမင်းဟာပဲ အဲ့တော့ ဒီပါတီကိုဦးဆောင်ရမှာလဲ မင်းပဲလေ ပိုင်ရှင်မလာတဲ့ ကုမ္ပဏီပွဲဆိုတာရှိလား မင်းပြော!"
"ငါ မသိတော့ဘူး ကျိရန်ရယ်"
"ဘာမှ လာပြောမနေနဲ့ မနက်ဖြန် ငါခေါ်မယ် အဆင်သင့်သာပြင်ထား"
ဟင်းးး
သက်ပြင်းအရှည်ကြီးကိုခပ်ပြင်းပြင်းမှုတ်ထုတ်လိုက်ရင်း စားပွဲပေါ်ကပစ္စည်းတွေကောက်သိမ်းလို့ အပြင်ကိုထွက်လာလိုက်တော့တယ်။"အားကျန့်! မနက်ဖြန် staff party ကို တက်ဖြစ်အောင်တက်ရမယ်နော်!"
"ဟုတ် ကော"
ဖိုင်တထပ်နဲ့ အလုပ်များနေဟန်တူတဲ့ ဟိုက်ခွမ်းကောက လမ်းမှာတွေ့တာနဲ့ ပါတီတက်ဖို့မှာနေတာမို့ အလိုက်သင့်ဖြေလိုက်ပြီးတာနဲ့ အောက်ဆင်းဖို့ခက်နေတဲ့ ခြေထောက်တွေကိုသယ်လို့ ကားရပ်ထားရာဆီသာ ဆင်းလာခဲ့ရတော့သည်။
"မနက်ဖြန်အတွက်ပါ အကိုလေး"
အိမ်ရောက်ပြီမို့ ကားပေါ်ကဆင်းမယ်ပြင်ကာမှ လက်ထဲထိုးပေးလာတဲ့ ဘူးတစ်ဘူးကြောင့် မော့ကြည့်မိလိုက်တော့..
"Boss ပေးခိုင်းလိုက်တဲ့ လက်ဆောင်ပါ"
ရိပေါ်ဆီကဆိုတဲ့အတွက် ဘာမှထပ်တွန့်တက်မနေတော့ပဲ လက်လွှဲယူပြီးသာ အိမ်ထဲကိုဝင်လာလိုက်တော့တယ်။
မနက်ဖြန်ဆို သူပြန်သွားတာ တစ်ပတ်ပြည့်ပြီ။ဒီရက်တွေထဲလဲ အချိန်ရရင် ရသလိုဖုန်းပြောဖြစ်ကျပေမယ့် ဒီမှာဖြစ်နေတဲ့ အကြောင်းတွေ ကိုယ်ကလဲမပြောသလို သူကလဲ ဘာမှမမေး။ကိုယ်ကမပြောဘူးဆိုတာက တစ်ဖက်မှာလဲ အရေးကြီးကိစ္စလုပ်နေရတဲ့သူကို ဘာမဟုတ်တာလေးနဲ့ စိတ်မရှုပ်စေချင်၍သာ။
🎶🎶🎶🎶
ဖုန်းသံမြည်လာတာမို့ ယူကြည့်လိုက်တော့ မျှော်နေရတဲ့ချစ်သူ။
ESTÁS LEYENDO
Love Knot (မေတ္တာနှောင်ကြိုး) (Completed)
Fanficဒီလိုဝေးကျရမယ်မှန်းသာကြိုသိခဲ့ရင်... ချစ်မိသမျှ အရာရာဆုံးရှုံးတတ်တဲ့ငါက မင်းကို ထပ်ပြီးမတွယ်တာမိအောင် နေခဲ့မိမှာ။