ဗြီး ဗြီး
ဘောင်းဘီအိတ်ထဲထည့်ထားတဲ့ ဖုန်းရဲ့ vibrationသံကြောင့် လည်တိုင်ကိုဆွဲခိုထားပြီး မျက်နှာချင်းဆိုင်နေတဲ့ အနေအထားကိုပြုပြင်လိုက်ကာ...."ဖုန်းလာနေတာ"
"အင်း"
ဒီအနေအထားလေးပျက်သွားမှာစိုးမိပေမယ့် ဖုန်းကလဲမကိုင်လို့မရ contant name က မား။
'Hello မား'
'အားကျန့် သား ပြန်မလာသေးဘူးလား ၉နာရီကျော်နေပြီလေ'
'ပြန်လာနေပြီ မား အိမ်ပြန်လမ်းမှာ'
'အေး အေး ဂရုစိုက်လာကျနော်'
'ဟုတ် မား'
ဖုန်းကိုချကာ မျက်နှာချင်းဆိုင်လိုက်မိတော့...
"မင်း မားခေါ်နေပြီမလား? ပြန်မယ်လေ တက်!"
"ရိပေါ် "
"ဟင်"
"ခုနကလေ"
"အင်း"
"ဖုန်းမလာခင်ကလေ"
"အွန်း"
"မင်း ငါ့ကို ဘာပြောမလို့လဲ?"
မျက်လုံးချင်းဆုံအောင် ခနမျှကြည့်လိုက်ပြီးတော့မှ သက်ပြင်းတချက်ချကာ..
"ဘာမှမပြောပါဘူး ဒီတိုင်း အင်း ဒီတိုင်းပါပဲ"
"တကယ်ပဲ ပြောစရာမရှိဘူးပေါ့"
"တက်တော့ ရှောင်းရာ မရစ်နဲ့ နောက်ကျနေမယ်လေ မနက်ကျ ထွက်မရပဲနေမယ်"
"ရစ်နေတာ မဟုတ်ပါဘူး"
တိုးတိုးလေးပြောကာ ဆိုင်ကယ်ပေါ်တက်လာတဲ့ ရှောင်းပါးစပ်က ပွစိပွစိနဲ့ရယ်။
"ဝင်တော့ သွား!"
"အိမ်ပြန်ရောက်ရင် ဖုန်းဆက်နော် ဂရုစိုက်ပြီးလဲမောင်းဦး"
"အင်း"
"တာ့တာ ရိပေါ် "
"အင်း တာ့တာ"
အိမ်ထဲဝင်သွားချိန်ထိစောင့်ကြည့်ပြီးမှ ဆိုင်ကယ်ကိုမောင်းထွက်ခဲ့လိုက်တယ်။စိတ်တွေရှုပ်ထွေးနေတာမို့ ဆိုင်ကယ်ကိုပတ်မောင်းနေပြီးမှ အိမ်ဖက်ကိုဦးတည်လိုက်ရတော့သည်။ပါး က စောင့်နေမယ် ပြောထားသည်လေ။

BẠN ĐANG ĐỌC
Love Knot (မေတ္တာနှောင်ကြိုး) (Completed)
Fanfictionဒီလိုဝေးကျရမယ်မှန်းသာကြိုသိခဲ့ရင်... ချစ်မိသမျှ အရာရာဆုံးရှုံးတတ်တဲ့ငါက မင်းကို ထပ်ပြီးမတွယ်တာမိအောင် နေခဲ့မိမှာ။