၆နှစ်ကျော်ကြာပြီးသည့်နောက်...
"ဪ အေး! မင်းကတော့ ကော်ဖီအေးဆေးသောက်နေသိလား? ဟိုမှာ မင်းပထွေးက ပွားနေပြီ!"
"ငါ့ပထွေး?"
ဒေါသအိုးအဖွဲ့မှူး ကောနေတာကို တင်စားပြီးပြောမိပါတယ် နားမလည်တဲ့သကောင့်သားကြောင့် စုန့်ကျိရန်လေသွားတယ်။သူကတော့ ရုံးရောက်တည်းက ကော်ဖီတစ်ခွက်ဖျော်လို့ သူ့စားပွဲမှာထိုင်လို့ ငြိမ့်နေတာ။ကိုယ်တွေမှာသာ မနက် ရုံးရောက်တည်းက နားပူနေရတာ။
"ရှောင်းကျန့်ရေ မင်းအမေနောက်ယူတဲ့ လင်ငယ်မဟုတ်ဘူး မင်းတို့ ငါတို့ အလုပ်ထဲရောက်မှထပ်တော်ထားရတဲ့ ပါးပါးကြီး ပွားနေတယ်လို့ပြောတာ ငတုံးရဲ့"
"ဪ အဲ့ဒါများ ရေးကြီးခွင်ကျယ်လုပ်လို့ကွာ သူက ပါးစပ်ပါတိုင်းပွားနေကျပဲဟာ"
"အေး သူနေ့တိုင်းပွားတာမှန်ပေမယ့် ခုက မင်းကိုပွားနေတာ သိလား သိလား? ရုံးလာတော့ အမြဲနောက်ကျ အလုပ်လုပ်ရင်အမြဲအမှားနဲ့ မင်းတော့ ပြုတ်ကိန်းမြင်နေတယ် ငါ"
မောမောနဲ့ လက်ထဲကဖိုင်တွေနဲ့ တချက်ရိုက်လိုက်ရင်း..
"လက်ထဲကမြိုနေတာကိုချပြီး သွားအဆူခံလိုက်ဦး"
"ကျစ်! ဘာမှားပြန်ပြီလဲ မသိဘူး?"
သူ့ဖာသာမေးတာလား ကျိရန်ကိုမေးနေတာလား
မကွဲပြားတဲ့မေးခွန်းနောက်မှာတော့ ရှောင်းကျန့်တစ်ယောက် ခေါင်းကိုစုံကုတ်တော့တယ်။"မနေ့က မြေသွားတိုင်းတာ မှားလာလားမှမသိတာ"
ခိုင်းလိုက်တိုင်းမှာ အမြဲတခုမဟုတ် တခုကလွဲနေကျပဲမို့ ကျိရန်က သူ့ထင်မြင်ချက်ကိုပြောပြလိုက်တော့..
"မနေ့က?"
နားမလည်သလို မျက်လုံးကြီးပြူးကာပြန်မေးနေတာမို့..
"အေးလေ မနေ့က အိမ်အသစ်ဆောက်ဖို့ အပ်ထားတဲ့ မြေနေရာ မင်းကို သွားကြည့်ခိုင်းထားတယ်လေ"
"ဟိုက် သေပြီ!!"
နဖူးကိုရိုက်ကာ နေရာတင်ငုတ်တုတ်ထိုင်လို့ ခေါင်းငိုက်စိုက်ကျသွားတဲ့ ရှောင်းကျန့်ကြောင့် ကျိရန်မှာလဲ အလန့်တကြား။
ESTÁS LEYENDO
Love Knot (မေတ္တာနှောင်ကြိုး) (Completed)
Fanficဒီလိုဝေးကျရမယ်မှန်းသာကြိုသိခဲ့ရင်... ချစ်မိသမျှ အရာရာဆုံးရှုံးတတ်တဲ့ငါက မင်းကို ထပ်ပြီးမတွယ်တာမိအောင် နေခဲ့မိမှာ။