"ဟေး...ရှောင်းကျန့်"
ထမင်းကို မြိန်ရည်ရှက်ရည်စားနေတဲ့သူလေးကိုငေးကြည့်နေတုန်း အနားလာပြီးခေါ်လိုက်သံကြောင့် သူရော ကိုယ်ပါ မော့ကြည့်လိုက်တော့..
"မင်းကနော် အခန်းကွဲသွားတော့ ငါ့တောင်မခေါ်တော့ဘူး"
"မ..မဟုတ်ပါဘူး"
"ဒီက ကျောင်းသားသစ်လား?"
အစက ယုန်ကောင်လေးဆီဦးတည်ပြောနေတဲ့သူက ကိုယ့်လဲမြင်ရော ဟိုကပြန်ဖြေတာကိုတောင် အလေးမထားပဲရှေ့တည့်တည့်မှာဝင်ထိုင်ကာ စပ်စုလာတော့တယ်။
"အင်း..ရိပေါ်တဲ့"
"ဝမ်ရိပေါ်"
ယုန်ကောင်လေးရဲ့ မိတ်ဆက်စကားကို ထပ်ဖြည့်ပြီးပြန်ပြောလိုက်တော့..
"အမ်"
"ရိပေါ်ဆိုတာ မင်းကိုပဲခေါ်ခိုင်းတာ ငါ့နာမည်က ဝမ်ရိပေါ်"
"အာ အင်း သူ့နာမည်က ဝမ်ရိပေါ် "
"တွေ့ရတာ ဝမ်းသာပါတယ် ရိပေါ် "
"စကားနားမလည်တာလား?"
"အမ် ဘာကိုလဲ?"
ခပ်တည်တည်နဲ့လက်ဆွဲနှုတ်ဆက်ဖို့လက်ပေးလာတဲ့ကောင်ကို မျက်လုံးချင်းဆုံအောင်သေချာစိုက်ကြည့်ရင်း မေးလိုက်တာမို့ ကြောင်တောင်တောင်နဲ့ ပြန်မေးလာတယ်။
"ရိပေါ်ဆိုတာ ရှောင်းကျန့်တစ်ယောက်ထဲခေါ်ဖို့လို့ ပြောထားတယ်လေ"
"အာ..
"စား! ပြီးရင် အတန်းပြန်သွားမယ်"
"အင်း အင်း"
ဘယ်သူဘာဖြစ်သွားတယ် ဂရုမစိုက်နိုင်ပဲ ယုန်ကောင်လေး ထမင်းစားမပျက်ဖို့သာဦးတည်ထားလိုက်တော့တယ်။ဟုတ်တယ်။ ကျန်တာတွေက သူ့လောက် အရေးမှကြီးမနေတဲ့ဟာ။
~~~~~~~
"ငါ့နား လာထိုင်မလား?""ဟမ်!"
"ငါက ခုမှ ကျောင်းစတက်တာဆိုတော့ စာတွေသိပ်နားမလည်ဘူးလေ အဲ့တော့ ငါ့ကိုစာရှင်းပြပေးနိုင်မလားလို့ ရှောင်းကျန့်က"
လန်ဒန်ကနေပြောင်းလာတဲ့ကျောင်းသား တရုတ်စာကိုငယ်ငယ်တည်းက အိမ်မှာဆရာသီးသန့်ခေါ်သင်ခဲ့တဲ့သူ။နည်းပညာရပ်တွေကိုဝါသနာပါလွန်းလို့ သင်တန်းမျိုးစုံတက်ထားတဲ့ကောင်က ခု အထက်တန်းစာကိုသိပ်နားမလည်ဘူး ပြောတော့လဲ ယုန်ပေါက်လေးက ယုံတာပါပဲ။သူမှ ကိုယ့်အကြောင်း မသိတာပဲကိုး နော့။
KAMU SEDANG MEMBACA
Love Knot (မေတ္တာနှောင်ကြိုး) (Completed)
Fiksi Penggemarဒီလိုဝေးကျရမယ်မှန်းသာကြိုသိခဲ့ရင်... ချစ်မိသမျှ အရာရာဆုံးရှုံးတတ်တဲ့ငါက မင်းကို ထပ်ပြီးမတွယ်တာမိအောင် နေခဲ့မိမှာ။