တရုတ်က ပါးကို ဒီကအကြောင်းတွေ ဖုန်းဆက်လိုက်တော့ ပါးပြန်ပြောတာက တစ်ခွန်းထဲ။
"ရိထန်ကို မဟုတ်တာတွေ စွပ်စွဲခဲ့တော့ ဝဋ်လည်တာပေါ့ကွာ"တဲ့လေ။
gay ကို သိပ်မုန်းတဲ့ မားက သူမွေးထားတဲ့ သားနှစ်ယောက်လုံးက သူမ မသေခင် gayမှန်းသိသွားလို့ တအားကိုယူကျုံးမရတော့ ဖြစ်သွားမှာ အမှန်။ဒီလိုဆိုပေမယ့်လဲ သူမရဲ့ အချစ်ဆုံးသားအငယ်အတွက်ကတော့ သူမက အသက်ကိုကယ်တင်ခဲ့တဲ့ သူရဲကောင်းမိခင်။ဝမ်ရိပေါ်အတွက်ကတော့ စည်းစိမ်ချမ်းသာအတွက် အသက်ကိုရန်ရှာခဲ့တဲ့မိခင် ဒါပဲကွဲပြားသွားပါတယ်။
'ဝဋ်ကြွေးရှိရင် ကျေပါစေ မားရယ်'
ဆုတောင်းပေးရုံ ကောင်းမှု့တွေပြုပေးရုံကလွဲပြီး သေဆုံးသူအတွက် ကျန်ရစ်သူတွေလုပ်ပေးနိုင်တာက ဘာမှမရှိ။
"ရိပေါ် "
"ရှောင်း! လာလေ ကိုယ်လဲ ရှောင်းအပေါ် ပျက်ကွက်တာတွေများနေပြီ"
"ရပါတယ် ငါနားလည်ပါတယ်"
လက်ကမ်းပေးလိုက်တာနဲ့ ပေါင်ပေါ်ဝင်ထိုင်ကာရင်ခွင်ထဲတိုးဝင်လာတဲ့အချွဲလေးက အရမ်းကိုသိတတ်လိမ္မာနေတာကြောင့် ရိပေါ်မှာ အချစ်တွေပိုနေရပါတယ်။
လန်ဒန်ပြန်ရောက်တည်းက ကုမ္ပဏီကိစ္စတွေရှင်းနေရတာနဲ့ ရှောင်းကို အချိန်မပေးဖြစ်သလို၊ခုကလဲ မားကိစ္စကြောင့် သူလေးက အနားမှာ ကိုယ့်ကိုအရိပ်လိုတကြည့်ကြည့်လုပ်ကာ လိုအပ်သမျှ ဖြည့်ဆည်းပေးနေတာမို့ ရိပေါ် ရှောင်းကိုတဖြည်းဖြည်းအားနာလာမိတယ်။
"မင်္ဂလာပွဲကို ဘယ်မှာကျင်းပချင်လဲ bae"
"ဟင့်အင်း နေပါဦး မလောပါနဲ့ဦး"
မိခင်တစ်ယောက်လုံးဆုံးရှုံးသွားတာ သိပ်မကြာသေးတဲ့သူကို ရှောင်းကျန့်က မင်္ဂလာကိစ္စပြောရတာနဲ့တင်ကို အားနာနေပါပြီ။ဒါကို ရိပေါ်ကလဲ သူ့ကို တပြန်အားနာနေတယ်ထင်ပါရဲ့။
"အေးဆေးမှပေါ့ ဝမ်ကိုကိုလေးရယ် ဘာတွေများလောနေတာလဲ ခုလဲ bae ကို ကိုကိုအပိုင်ရထားပြီးပြီပဲ လို့"
![](https://img.wattpad.com/cover/368526571-288-k52754.jpg)
VOCÊ ESTÁ LENDO
Love Knot (မေတ္တာနှောင်ကြိုး) (Completed)
Fanficဒီလိုဝေးကျရမယ်မှန်းသာကြိုသိခဲ့ရင်... ချစ်မိသမျှ အရာရာဆုံးရှုံးတတ်တဲ့ငါက မင်းကို ထပ်ပြီးမတွယ်တာမိအောင် နေခဲ့မိမှာ။