"ရိပေါ် "
"ခုနက အန်တီပြောသလိုဆို မင်းအမေကို မင်းက အမှု့ဖွင့်ထားတာတော့ မဟုတ်ဘူးမလား?"
"ဟုတ်တယ် ကိုယ် အမှု့ဖွင့်ထားတာ"
"ဘာလို့လဲ?"
ငြိမ်ငြိမ်လေးထိုင်နေပြီးခါမှ မေးခွန်းတွေမေးလာသူကြောင့် ရိပေါ် အလုပ်စားပွဲကထလိုက်ပြီး..
"ကိုယ် ငါးစားချထားတာ"
"ငါ့ကြောင့်တော့ မဟုတ်ဘူး မလားဟင်?"
"ဘာလို့ အဲ့လိုထင်ရတာလဲ ရှောင်း"
"ဟိုနေ့က ငါပြတဲ့ဟာ.."
"မဆိုင်ပါဘူးကွာ တကယ်ဆို baeလာပြတာကိုတောင် ကိုယ်က ကျေးဇူးတင်နေမိတာ"
"တကယ်လား?"
"အင်း တကယ်"
📞📞📞
ကြည်နူးပြီဆို လာပြန်ပြီ ဒီဖုန်းတွေက။"ပြော!!"
"Leo.. စမစ်ကို တွေ့ပြီထင်တယ်!"
"သေချာလား?"
"ဂျက်ဖီ အိမ်တစ်အိမ်ထဲဝင်သွားတာ တွေ့လိုက်တယ် ငါစောင့်ကြည့်နေတာကြာပြီ ဂျက်ဖီက ဒီအိမ်ကထွက်လာပြီး ဈေးဝယ်တယ် ဒီအိမ်ထဲပဲပြန်ပြန်ဝင်သွားတယ်"
"အင်း ဆက်စောင့်ကြည့်ထားလိုက် ငါအခုပဲ လိုက်လာခဲ့မယ်"
"အေး အေး"
ချိန်ကွမ်းမင်က oversea ထွက်သွားတယ်သာဆိုတယ် ဘယ်နိုင်ငံ ဘယ်လေကြောင်းလိုင်းမှာမှ စုံစမ်းမရတာမို့ သေချာတာကတော့ ဒီနိုင်ငံထဲမှာပဲရှိနေဦးမှာ။ဒါကြောင့် ဟောက်ရွှမ်းကို သူနဲ့ပတ်သတ်သမျှသူတွေရဲ့ လှုပ်ရှားမှု့အားလုံးကို စောင့်ကြည့်ခိုင်းထားခဲ့တာ။ဂျက်ဖီကလဲ အလုပ်ကိုလဲလုံးဝမလာ သူ့အိမ်မှာလဲမနေတော့ပဲ ခြေရာဖျောက်နေရာက ခုတော့ စောင့်ဆိုင်းရကျိုးနပ်ပြီထင်ပါရဲ့။
"ဘယ်သူလဲဟင်?"
"ရှောင်း! အိမ်ပြန်နှင့်ပါလား ကိုယ်အလုပ်ကိစ္စလေးပေါ်လာလို့"
"ငါ လိုက်လို့မရဘူးလား?"
"အာ ကိုယ်မြန်မြန်သွားပြီး ပြန်လာခဲ့မှာပါ"
ဒီအကြောင်း ရှောင်းသိလို့တော့မဖြစ်။ခုခြေနေက သူတို့ဖက်က ဘာတွေပြင်ဆင်ထားတယ်မသိပဲ ဇွတ်တိုးဝင်လိုက်ရင် ကိုယ့်ဖက်ကပဲ အထိခိုက်များမှာ။ကိုယ်တွေချည်းပဲက ရှောင်လို့ရှားလို့တတ်ပေမယ့် ရှောင်းပါလာခဲ့ရင်တော့ မဖြစ်ပေ။
![](https://img.wattpad.com/cover/368526571-288-k52754.jpg)
YOU ARE READING
Love Knot (မေတ္တာနှောင်ကြိုး) (Completed)
Fanfictionဒီလိုဝေးကျရမယ်မှန်းသာကြိုသိခဲ့ရင်... ချစ်မိသမျှ အရာရာဆုံးရှုံးတတ်တဲ့ငါက မင်းကို ထပ်ပြီးမတွယ်တာမိအောင် နေခဲ့မိမှာ။