24

418 32 1
                                    

"လာ ရှောင်း ကြိုက်တတ်တာတွေချည်းပဲ ကိုယ်ပြင်ထားတယ်"

အရင်က မင်းနဲ့ငါပါ။ခု ဘယ်လိုဖြစ်လို့ ဝမ်ရိပေါ်က သူ့ကိုယ်သူ တစ်ကိုယ်ထဲကိုယ်နေတယ် မသိ။

"ဟင့်!"

သူ့ရဲ့ ကိုယ်နေတာကို နှာခေါင်းတချက်ရှုံ့လိုက်ပြပြီးကာမှ ခုံကိုဆွဲလို့ဝင်ထိုင်လိုက်တယ်။

"ရော့ ဒါလေးစားကြည့် အမဲသားခေါက်ဆွဲ ကိုယ်ကိုယ်တိုင် လုပ်ထားတာ ပူသေးတယ်နော်"

"......"

"ဒါက ပူတင်း၊ချောကလက်ကို နို့နဲ့ဖျော်ထားတာက ဒီမှာ ပြီးရင် ချိစ်တ်ကိတ်..

"အား!! ဝမ်ရိပေါ် မင်း ငါ့ကို ဝက်ထင်နေတာလား အဲ့လောက်ကျွေးနေရအောင်!"

"ဟားး ဟားးး ခုမှ ကိုယ့်ရဲ့ရှောင်း ပြန်ရောက်လာပြီပဲ"

"ဘာ!! သေ..သေလေ..မင်း! မပြောမဆိုနဲ့ ထားတုန်းက ထားခဲ့ပြီးတော့မှ ခုမှ ငါစိတ်ကောက်တာ ငါ့အပြစ်လား!?"

"မဟုတ်ဘူး ရှောင်း အပြစ်မဟုတ်ဘူး ကိုယ့်အပြစ် ဟုတ်ပြီလား"

"မင်း! တကိုယ်ကိုယ်နဲ့ ဘာဖြစ်နေတာလဲ အရင်လိုပဲပြောစမ်းပါ မင်း ကိုယ်နေတာ ကြားရတဲ့ ငါ နားကလောလိုက်တာ"

"ဘာကြီး!.အာ ဒါက..

"တော် တော်! ရှင်းပြမယ်ဆို မြန်မြန်ရှင်းပြ"

••••••••

"အဲ့ဒါကို ဖုန်းဆက်ပြောတော့ မြွေကိုက်မစိုးလို့လား? ငါ့ ဘယ်လောက်ထိခံစားခဲ့ရလဲ မင်းသိလား? ငါ့မှာတော့ မျှော်လိုက်ရတာ နောက်ဆုံး မျှော်ရတာမောလို့ မင်းမလာနိုင်တဲ့အဆုံး အရဲစွန့်လို့ မင်းအိမ်ထိတောင်သွားမေးခဲ့သေးတာ"

"အိမ်..ရှောင်း..ကိုယ့်အိမ်ကိုရောက်ခဲ့တယ်"

"ဟုတ်တယ် ခြံစောင့်ကြီးက မင်း လန်ဒန်အပြီးပြန်သွားပြီပြောလို့ ငါ့မှာငိုလိုက်ရတာ အိမ်တောင်ဘယ်လိုပြန်ရောက်လာတယ် မသိလိုက်ဘူး"

"ကိုယ်..ကိုယ် အဲ့ဒါတွေ မသိခဲ့ဘူး ရှောင်းရယ်"

လွန်ခဲ့တဲ့၅နှစ်ကျော်က ဖြစ်ရပ်တစ်ခုဆိုပေမယ့် ရှေ့ကနေငိုမဲ့မဲ့လေးပြောနေသူကြောင့် ရိပေါ်အတွက်တော့ ခုပဲခံစားနေရသလို ဖြစ်လာတာကြောင့် ထိုင်ရာကထလို့ ရှောင်းထိုင်နေတဲ့ခုံဆီသွားကာ တရှုံ့ရှုံ့လုပ်နေတဲ့ အကောင်ပေါက်လေးကို ရင်ခွင်ထဲဆွဲထည့်ထားလိုက်မိတယ်။

Love Knot (မေတ္တာနှောင်ကြိုး) (Completed)Donde viven las historias. Descúbrelo ahora