9

322 27 0
                                    

"မနက်ဖြန်အတွက် Fighting !!!"

၂ရက်နားအပြီး မနက်ဖြန်အတွက် လေ့ကျင့်နေကြခြင်း။

"အား! မောလိုက်တာ"

ပြောလဲပြော ထိုင်နေတဲ့အနားကိုလာကာ ပေါင်ပေါ်ခေါင်းတင်အုံးလာတဲ့ ရှောင်း။

"ရှောင်းကျန့်တို့များနော် ဝမ်ကောကိုပဲ တချိန်လုံးအနိုင်ကျင့်နေတော့တာ"

"ငါ ဘယ်မှာအနိုင်ကျင့်လို့လဲ?"

"ခုလေ"

"အဲ့ဒါက မောလို့နော် ရိပေါ် "

"အင်း"

ပေါင်ပေါ်ခေါင်းတင်ထားတာက မကြွပဲ ခေါင်းမော့လို့ သူအပြစ်ကင်းကြောင်းအတည်ပြုလို့ ရှောင်ထန်းနဲ့လဲ ရန်ဖြစ်နေသေးတာ။သူ့ဖက်ပါဖို့လဲ မဲကဆွယ်သေးတာမို့ အလိုက်သင့်လေး *အင်း* ပေးလိုက်တော့ ကျေနပ်ကာပြုံးပြုံးကြီးလက်ပိုက်အိပ်နေရင်းက..

"နေဦး ရှောင်ထန်း မင်းက ရိပေါ်ကို ဘာလို့ ဝမ်ကောလို့ခေါ်တာလဲ အရင်က ရိပေါ်ပဲခေါ်တာပါ"

"ဟင်! မင်းမသိဘူးလား ဝမ်ကောက ငါတို့ထက် တစ်နှစ်ကျော် ၂နှစ်နီးပါးလောက်ကြီးတာကို"

ရှောင်ထန်းအပြောမှာ *ဟုတ်လား*ဆိုတဲ့ အကြည့်နဲ့ ပေါင်ပေါ်ကနေ မော့ကြည့်ကာ မေးလေးပင့်လို့ အမေးသဘောပြတာမို့..

"အင်း"

"ဝါး ဒါဆို ရိပေါ်က ငါ့ရဲ့ဝမ်ကိုကိုလေးပေါ့ ဟိ ဒီနေ့ကစ,ပြီး ပိုချွဲလို့ရပြီ"

အမှန်က သူများသိပြီး သူမသိလို့ စိတ်ဆိုးသွားမယ်ထင်ထားတာ။ဘယ်ဟုတ်မလဲ အကောင်ပေါက်က အသဲအသန်ထကာ လက်မောင်းကိုဆွဲချိတ် ပါးနဲ့ပွတ်ကာ အချွဲကပိုနေသေးတာ။

"အော် ဟော် ခုကျတော့ မင်းကမချွဲဘူးဆိုတော့လေ"

"ပိုချွဲလို့ရပြီပြောတာလေ.. ရိပေါ်သိလား ငါကလေ ငါ့ထက်အကြီး အကိုသိပ်လိုချင်ခဲ့တာ မားက ငါ့ကိုအရင်မွေးထားလို့ ငါကအငယ်မလိုချင်ဘူးလေ"

သူ့ကိုလာပြောတဲ့သူကိုလဲ ပြန်ပြောကာ ကိုယ့်ဖက်လှည့်ပြီး သူဖြစ်ချင်တာကို တိုင်သလိုပြောနေသေးတာ။

Love Knot (မေတ္တာနှောင်ကြိုး) (Completed)Where stories live. Discover now