Unicode
"ကိုယ်ခွင့်မပြုဘူး..."
"Jeon Henry...မင်းမလွန်ဘူးလား..."
အရင်ရက်တွေကတည်းက အလုပ်လုပ်မယ်လို့ပြောနေတာ သူခွင့်မပြုဘူး...အခုထက်ထိကို။
"ငါ့အတွက် အလုပ်တစ်ခုလိုတယ်..."
"ဘာအတွက်လဲ...ဘယ်သူ့အတွက်လဲ..."
အောက်နှုတ်ခမ်းလေးကို မဲ့ကာငိုချင်စိတ်ကို ထိန်းထားမှန်းသိသာသည်။ အလုပ်ပေးမလုပ်ဖို့ ဝမ်းနည်းဒေါသထွက်နေတာ။ မလုပ်စေချင်တာထက် စိတ်မချတာကော မပင်ပန်းစေချင်တာကြောင့် တားနေတာ။ ဒါကို နည်းနည်းလေးမှ အလိုက်မသိသေးဘူး။
"ငါက အရွယ်ရောက်ပြီးသားလူတစ်ယောက်...မင်းထက်တောင် အသက်ကြီးသေးတယ်..ငါလည်း ကိုယ်ပိုင်လစာလိုချင်တယ် Jeon Henry....မင်းနဲ့လက်ထပ်မယ်ဆိုပြီး မင်းပိုက်ဆံတွေကို ထိုင်သုံးဖို့စိတ်ကူးမရှိဘူး..."
"အဲ့တော့ ဒီကောင်ရှာနေတာ ဘယ်သူ့အတွက်လဲ...ဟမ်...ဒီကောင့်ပိုက်ဆံတွေက ဘယ်သူ့အတွက်လဲလို့..."
"ငါအဲ့တာကို ပြောနေတာမဟုတ်ဘူး...ငါအလုပ်လုပ်ချင်တယ်လို့ပြောနေတာ...Jeon Henry...ငါဒီလိုမနေချင်ဘူးလေ..."
"ထပ်မပြောဘူး...မင်းလည်းထပ်မပြောနဲ့...ခွင့်မပြုဘူး...အလုပ်ကိစ္စစိတ်ဝင်စားရင် ကုမ္ပဏီကိုလိုက်ခဲ့လိုရတယ်...ဒီလောက်ဘဲ Taehyung..."
ခြေဖနှောင့်လေးကို စောင့်ကာ ထွက်သွားသည်။ ချစ်စရာတအားကောင်းနေပင်မဲ့ ဒါတော့ ခွင့်မပြုနိုင်တာမို့ မျက်နှာကိုတင်းထားလိုက်သလို တားလည်းမတားဘဲလွှတ်ပေးလိုက်သည်။ ပြန်ချော့ရင် ပိုဆိုးမှာသိလို့။
အိမ်ပြင်ကိုထွက်လာခဲ့တာ။ အဲ့ထက်အလုပ်ရှာဖို့ဘဲ။ မလုပ်ခိုင်းလည်း ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်နိုင်တဲ့လူတစ်ယောက်ဖြစ်ဖို့ အလုပ်တစ်ခုလိုအပ်သည်။ ငွေရေးကြေးရေးကိစ္စတွေမှာလည်း သူ့ကို အားမကိုးချင်သလို မသင့်တော်ဘူးလို့ စိတ်ကနေတွေးထင်နေတာ။
မိုးချုပ်သည်အထိ အလုပ်တစ်ခုကိုရအောင်ရှာခဲ့သည်။ စားသောက်ဆိုင်တစ်ခုဘဲ ဝိတ်တာအဖြစ် အလုပ်တစ်ခုရခဲ့သလို လစာလည်းမဆိုးသည်မို့ ညှိနှိုင်းကာ လက်ခံခဲ့သည်။