"CEO ရုံးဆင်းတော့မလို့လား မစောဘူးလား အိမ်မှာကိစ္စရှိလို့လား "
Jung pov: Tae ရယ် ကျေးဇူးပြုပြီး ငါရှက်ခွင့်လေးပေးပါလား မင်းအဲ့လိုကြီးမေးနေတာ ငါရှက်လို့ သေတော့မယ်ကွ ဘာလည်းမင်းကဘာမှမဖြစ်ဘူးပေါ့အဲ့လိုဆို ကောင်းပြီလေ မင်းတောင်မရှက်တာငါကရှက်စရာလား ငါကယောကျားပဲ
Jungkook ချက်ချင်းထလိုက်ပြီး Taehyung နားကိုသွားကာ နီးသထက်နီးအောင်သွားတော့ အနောက်ကိုတဖြေးဖြေးရွေ့ရွေ့သွားတဲ့ Taehyung..
တိုးရင်းတိုးရင်း အခန်းတံခါးနားရောက်တော့ Taehyung မှာဆက်တိုးရွေ့မရ..အခန်းတံခါးကိုလက်နဲ့ထောက်လိုက်တဲ့ Jungkook..
" C CEO"
" ငါမင်းနဲ့ Bus စီးပြန်မလို့ "
"ဗျာ! မဖြစ်ဘူးလေ CEO အိမ်ကဝေးကြီးလေ ကျွန်တော်အိမ်က နှစ်မှတ်တိုင်ပဲစီးရတာ CEO တယောက်ထဲဖြစ်နေမှာပေါ့ "
" ဘယ်သူကငါ့အိမ်ထိပြန်မယ်ပြောနေလို့လည်း "
မျက်နှာခြင်းပိုပြီးနီးကပ်လာတာကြောင့် Taehyung ခေါင်းလေးစောင်းထားမိသည်..ဘေးတစောင်းအနေအထားလေးမှာ ပါးမို့မို့လေးကရဲတက်လာသလို..
" ဗျာ! ဒါဆို "
" မင်းအိမ်လိုက်မလို့ "
Taehyung အလန့်တကြားလှည့်ကြည့်မိလိုက်တာ Jungkook မျက်နှာကိုနမ်းမိတော့တဲ့အချိန်မှာ Jungkook ရဲ့ရင်ဘက်ကိုဆောင့်တွန်းထုတ်လိုက်မိတော့သည်..
" CEO တောင်း တောင်းပန်ပါတယ် "
CEO ကိုလည်းဆောင့်တွန်းကာ ပြီးမှတောင်းပန်ပြန်တဲ့ Taehyung ကြောက်ကြောက်နဲ့အခန်းထဲက ထွက်သွားဖို့လုပ်ပြန်တော့ တံခါးဖွင့်မလို့အလုပ် အနောက်ကနေလှမ်းပြောလိုက်တဲ့ Jungkook..
" ကိုယ့်အချစ်ကို လက်ခံပေးပါတော့လား Tae "
" CEO ကျွန်တော်အလုပ်ဆင်းပါတော့မယ် "
အခန်းထဲမှာဟက်ကော့ကြီးကျန်ခဲ့တဲ့ Jungkook ဘာဆက်လုပ်ရမလည်းစဥ်းစားမိတော့ သူ့ရဲ့လက်ဆွဲအိတ်ကိုဆွဲယူလိုက်ကာ
" ယောကျားတို့ဇွဲသေခါမှလျော့မယ် ရတယ် Bus ကားကနှစ်မှတ်တိုင်ထဲပေါ့ OK လေ ရထားမြို့ပတ်စီးရတာပေါ့ "
YOU ARE READING
𝙾𝚗𝚕𝚢 𝚄 (Complete)
Fanfiction*သူ့အတွက်တော့ကျွန်တော်ကို မွေးဖွားလာပေးတာက ဆုလဒ်တခုဖြစ်နေခဲ့သည်တဲ့*