39

1.4K 134 17
                                    

မနက်ခင်းလေးမှာ Jungkook ရေချိုးခန်းထဲကထွက်လာတော့ သူ့ဘက်ကိုကျောပေးကာ ကုတင်ပေါ်ထိုင်နေတဲ့ Taehyung..ပြတင်းပေါက်ဘက်မျက်နှာမူလို့အပြင်ဘက်သို့ကြည့်နေသည်..
Jungkook လည်း Taehyung ဘေးနားသွားကာထိုင်လိုက်ပြီး ပခုံးလေးဖက်လိုက်တော့ သူ့ရဲ့ပခုံးပေါ်ခေါင်းလေးမှီလိုက်သည်..

" ကို "

" အင်း "

" Tae ကို ဘာလို့ ကိုယ့်အမေက မုန်းနေရတာလည်း ဘာလို့ Tae ကိုလက်မခံနိုင်ရတာလည်း ယောကျားလေးဖြစ်နေလို့လား၊ ဒါမှမဟုတ် ဆင်းရဲလို့လား၊ Tae မိန်းကလေးလို ဟန်ဆောင်ပြီးနေဆိုလည်းနေပေးပါ့မယ် Tae ကိုယ်နဲ့မခွဲနိုင်ဘူး ဟင့် Tae ကိုဘာလို့များအဲ့လောက်မုန်းရတာလည်း ဘာလို့လည်း ဟင်"

" Tae ရယ် ဘာလို့စိတ်မကောင်းဖြစ်​စရာတွေတွေးနေရတာလည်း ကိုယ့်မိဘတွေသဘောမတူလည်း ကိုယ်က Tae ကိုပဲရွေးချယ်သွားမှာ ဘယ်သူတွေဘယ်လိုတားတား ကိုယ်က Tae အနားမှာပဲ ရှိနေသွားမှာ Tae ရဲ့လက်ကိုခုလိုလေးဆုတ်ကိုင်ထားပြီး ခရီးဆုံးထိဆက်လျှောက်သွားမှာ "

" Tae ကြောက်တယ် ကိုယ့်အမေ ကို Tae ကြောက်တယ် "

" Tae.... ကိုယ်တခုမေးမယ် အမှန်တိုင်းဖြေနော်..အဲ့နေ့က ဘယ်သူဆိုတာသေချာမမြင်လိုက်တာလား "

Jungkook ရဲ့ပခုံးပေါ်မှီထားကာကနေ ခေါင်းလေးထောင်လိုက်ပြီး Jungkook နဲ့ မျက်လုံးခြင်းစုံကာ ပါးပြင်လေးကို အုပ်ကိုင်လိုက်ပြီး ပြုံးပြုံးလေးဖြင့်သာပြန်ဖြေသည်..

" Tae မြင်လိုက်တယ်ဆိုရင်တောင် ဘယ်တော့မှပြောမှာမဟုတ်ဘူး ကို"

" Tae ဒါက...."

Jungkook ကိုဆက်မပြောစေချင်တော့တာနဲ့ နှုတ်ခမ်းလေးကို ထိကပ်ရုံမျှအနမ်းလေးပေးကာ ပိတ်လိုက်သည်..တဖန် အကြည့်ခြင်းစုံကာ..

" Tae အခုအဆင်ပြေနေပြီလေ အခြားဘာမှမလိုချင်တော့ဘူး Tae ကိုယ့်ကိုပဲလိုအပ်တာမို့လို့ အ​ခြားကိစ္စတွေကို ဒီလောက်နဲ့ရပ်လိုက်ရအောင်နော် ချစ်တယ် ကို "

ထပ်မှန် ပါးပြင်လေးကိုထိန်းကိုင်ကာ Jungkook ရဲ့နှုတ်ခမ်းလေးကို အနမ်းပေးလိုက်တဲ့ Taehyung..

𝙾𝚗𝚕𝚢 𝚄 (Complete) Where stories live. Discover now