28

1.6K 127 11
                                    

နှစ်ယောက်သား ခရီးကနေပျော်ရွှင်စွာအိမ်ပြန်လာခဲ့ကြသည်..Taehyung ရဲ့ အိမ်ရှေ့ရောက်တော့ ကားတံခါးလေးကိုအပြေးဆင်းဖွင့်ပေးကာ ကားပေါ်ကဆင်းစေသည်..

" Tae ကိုယ်အိမ်ပေါ်မလိုက်တော့ဘူးနော် ဒါပေမယ့် လိုက်စေချင်သေးတယ်ဆိုလိုက်ခဲ့မယ်လေ "

Taehyung ရဲ့လက်ကလေးနှစ်ဖက်ကိုဆုတ်ကိုင်ကာ လက်ဖမိုးလေးကိုသူ့ရဲ့လက်မလေးဖြင့်ပွတ်ရင်း ပြောသည်..

"အိမ်ပြန်နားတော့လေ ကားမောင်းရတာအရမ်းပင်ပန်းနေပြီမဟုတ်လား မျက်နှာလေးတောင်နွမ်းနေပြီ "

ချက်ချင်းဆိုသလိုပင် Taehyung ရဲ့ပခုံးပေါ်ခေါင်းလေးမှီချလိုက်တဲ့ Jungkook.

" အဲ့တာကြောင့် တူတူနေချင်ပြီလို့ပြောတာ "

" ဘာလို့ "

" ခုအိမ်ပြန်တော့လည်း Tae ကိုလွမ်းနေရအုံးမှာဆိုတော့ ပင်ပန်းတာကလျော့ပေမယ့် လွမ်းစိတ်ကတိုးပြန်တယ်လေကွာ "

" CEO ကြီးနော် "

မှီထားရာကနေ Taehyung ရဲ့စကားကြောင့် ချက်ချင်းခေါင်းထောင်လာကာ..

" ပြောပါအုံး CEO ကြီးက ဘာဖြစ်လို့လည်း "

" ဘာမှမဖြစ်ပါဘူး ချစ်ပါတယ်လို့ "

" ဟောဗျာ အသဲတွေကြွေကျပါပြီ "

Jungkook က Taehyung ရဲ့ပါးလေးနှစ်ဖက်ကိုဆွဲညစ်ကာ ပြောလိုက်သည်..ထိုအချိန်အနောက်ကရောက်လာတဲ့ Taehyung ရဲ့အမေ

" Kim Taehyung "

ခေါ်သံကြောင့်နှစ်ယောက်စလုံး အကြည့်ကအနောက်သို့ရောက်လာသည်..

" အမေ "

" သိပ်ပျော်နေတယ်ထင်တယ် "

" အမေပြန်ပါတော့ "

"မင်းစီမှာလာနေမလို့ ငါဟိုအိမ်လခမပေးနိုင်တော့လို့ မင်းအိမ်မှာငါလာနေမလို့ "

" ဘာ! အမေ "

အမေဖြစ်သူက သူ့ရဲ့အထုတ်ကိုဆွဲကာ အိမ်ပေါ်တက်ဖို့လုပ်နေတော့ အ​နောက်ကနေ ပြောလိုက်တဲ့ Taehyung ရဲ့ စကား

"တခါလောက်မေးခဲ့ဘူးလား သားကိုအဆင်ပြေရဲ့လားလို့ အမေကြောင့်  ကျောင်းတက်ရတာလည်းမုန်းတယ် အလုပ်လုပ်ရတာလည်းမုန်းတယ် လူတွေကြားထဲနေရတာလည်းမုန်းတယ် အမေ့ကိုလည်းမုန်းတယ် အမေ့သားဖြစ်ရတဲ့ ကိုယ့်ကိုယ်ကိုလည်းမုန်းတယ် အရာအားလုံးကိုမုန်းတယ် အသက်ရှုကြပ်ပြီး သေမတက်ပဲ ဒါတွေအမေသိလား ဟင် အမေသိလားလို့! တော်ပါတော့ တော်ပါတော့!!!! ကျွန်တော်ဘဝကြီးတခုလုံးကိုဖျတ်စီးလို့ဝရင်တော်ပါတော့ ကျွန်တော်လည်းသူများတွေလိုပျော်ချင်တယ် သူများတွေလိုသွားလာချင်တယ် သူများတွေလို ချစ်တဲ့သူအနားမှာနေချင်တယ် ကျွန်တော်လည်း လူထဲကလူတယောက်ပါပဲ ပျော်ချင်တယ်လို့! "

𝙾𝚗𝚕𝚢 𝚄 (Complete) Where stories live. Discover now