Sunday ဆိုတဲ့နေ့က Taehyung အတွက်တော့ပထမဆုံးအလုပ်ပိတ်ရက်ပေါ့ အရင် Jungkook ဟိုတယ်မှာအလုပ်လုပ်ခဲ့တုန်းက နားရက်မယူပဲ အချိန်ပြည့်သူအလုပ်လုပ်ခဲ့ရာကနေ Jungkook ရဲ့အတွင်းရေးမှုးဖြစ်လာပြန်တော့လည်း ချစ်သူတွေဖြစ်နေကြတာကြောင့် ချစ်ကြည်နူးတစ်တီတူး နေကြတာနဲ့အလုပ်နားရက်မယူဖြစ်ပြန် ခုအဖေစီမှအလုပ်လုပ်မှပဲ sunday ဆိုတာအလုပ်ပိတ်ရက်ပါလားဆိုတာသိလာရတော့သည်..
မနက်ဆိုပုံမှန်စောစောနိုးနေတက်တဲ့ Taehyung က Jungkook မနိုးခင် အိမ်ထောင့်တာဝန်ကျေပွန်တယ်ဟုဆိုရမယ် မနက်စာဆိုအဆင်သင့်ပြင်ထားတက် သည်..Jungkook မနိုးမခြင်းအိမ်သန့်ရှင်းရေးလုပ်ချင်လုပ်နေသလို ရေနွေးခြမ်းခွက်လေးဖြင့် စာအုပ်ဖတ်ချင်လည်းဖတ်နေတက်သည်..
ဧည့်ခန်းထဲ ရေနွေးသောက်လို့ စာအုပ်ဖတ်နေတဲ့ Taehyung အနောက်ကနေရောက်လာပြီ ဆိုဖာအနောက်ဘက်ကနေ Taehyung ရဲ့ပါးပြင်လေးကိုအနမ်းပေးပြီးမှ Taehyung ရဲ့ဘေးမှာဝင်ထိုင်လိုက်တဲ့ Jungkook..
" Tae အိပ်ရေးရောဝရဲ့လားကွာ အမြဲအစောကြီးနိုးနေတာက ဘာဖြစ်လို့လည်း အိပ်မပျော်လို့လား "
" Tae က အစောကြီးထနေကြဆိုတော့အကျင့်ပါနေတာလေ ကိုယ်ရဲ့ စိတ်မပူပါနဲ့.. မနက်စာစားတော့မလားကို.. ဟိုလေ Tae သွားစရာရှိတယ် အဲ့တာကိုယ်ပါလိုက်ခဲ့ပေးလို့ရမလား "
" ဘယ်သွားချင်လို့လည်း Tae ကိုယ်လိုက်ပို့မှာပေါ့ "
" အမေစီ အမေအဆင်ပြေရဲ့လားမသိဘူး သွားတွေ့ချင်လို့ "
အမေကိုမုန်းတယ်စိတ်နာနေတယ်သာပါးစပ်ကပြောနေခဲ့ပေမာ့် ရင်ထဲကပါခဲ့သည်မဟုတ်..ခုလိုသူအဆက်ပြေနေချိန်မှာ အမေရောအဆင်ပြေရဲ့လားဆိုတဲ့ ဆိုးရိမ်စိတ်က ဆေးရုံဆင်းတဲ့နေထဲက ဖြစ်နေခဲ့တာ အရာအားလုံးအသားတကျရှိသွားတဲ့နေမှသွားမယ်ဟုစဥ်းစားထားပြီး ဒီနေ့သွားဖို့ဖြစ်လာခဲ့သည်..
" ဒါဆို မနက်စာစားပြီး သွားကြမယ်လေ "
" ဟုတ် "
ဘာလုပ်လုပ်သွက်သွက်လက်လက်ရှိလှတဲ့ Taehyung.. ခုလည်းပြင်ဆင်ပြီးကာ အိမ်ရှေ့မှာ ဖိနပ်ကုန်းစီးနေရင်း
YOU ARE READING
𝙾𝚗𝚕𝚢 𝚄 (Complete)
Fanfic*သူ့အတွက်တော့ကျွန်တော်ကို မွေးဖွားလာပေးတာက ဆုလဒ်တခုဖြစ်နေခဲ့သည်တဲ့*