အရေးပေါ်ကုသဆောင်ရဲ့ ကုတင်ပေါ် တကိုယ်လုံးသွေးတွေရွဲဆိုနေကာ သတိမေ့မျောနေတဲ့ Jungkook ကို သတိပြန်ရလာရန်ကြိုးစားနေကြတဲ့ ဆရာဝန်များ..
" ဟင့် ကျေးဇူးပြုပြီး ဟင့် အားတင်းထားပေးပါ ဟင့် ကို Tae နားကထွက်မသွားရဘူးနော် ဟင့် ကျေးဇူးပြုပြီး ဟင့် ဟင့် "
ထိုကုတင်လေးနဲ့မလှန်းမကန်းမှာ တချိန်လုံးငိုကာရပ်ကြည့်နေတဲ့ Taehyung.. သူရဲ့ခန္တာကိုယ်တခုလုံးမှာလည်း ဝတ်ထားတဲ့အဖြူရောင်အကျီလေးကိုတောင်သနားမိသည်..တကိုယ်လုံးသွေးတွေရဲလို့.. သူကိုယ်တိုင်လည်းဒဏ်ရာတွေရထားသော်လည်းနာကျင်ရကောင်းမှန်းမသိ..
" လူနာရှင်လား အုပ်ထိန်းသူစီဖုန်းဆက်ပေးပါ လူနာဦးခေါင်းထိခိုက်ထားတာ အရေးပေါ်ခွဲစိတ်ဖို့လက်မှတ်ထိုးရမယ် "
" ဗျာ ဦး ဦးခေါင်းထိခိုက်လို့ ဆိုးရိမ်ရလား ဒေါက်တာ "
" ခွဲစိတ်မှာအမြန်လုပ်နိုင်ရင်ဆိုးရိမ်စရာမရှိတော့ပါဘူး "
" ဟင့် ဟုတ်ကဲ့ "
Taehyung မှာ Jungkook ဖုန်းကိုဖွင့်လိုက်တော့ ဘယ်အချိန်က သူအိပ်ပျော်နေတုန်းရိုက်ထားတဲ့ပုံလေးမှန်းမသိ wallpaper တင်လို့ထားသည်..
ကြေမွနေတဲ့ ဖုန်းလေးကိုအသာအယာလေးပွတ်ကာ သူဖုန်းပြောရဲတာဆိုလို့ ကိုလတ်တယောက်ပဲရှိတာကြောင့် Jungkook ဖုန်းနဲ့ပဲ ကိုလတ်စီဖုန်းခေါ်လိုက်သည်..
တီ တီ တီ
#Jungkook ငါ့ညီ မင်းကွာ ခုမှဖုန်းဆက်တယ် အိမ်မှာအခြေအနေကအားလုံးရှုပ်ထွေးနေပြီ
#C CEO ဟင့်
#ဟင် Kim Taehyung ဘာလို့ငိုနေတာလည်း
#CEO ကား accident ဖြစ်လို့ ဟင့် ခု ခုဟင့် ဆေးရုံအရေးပေါ်မှာ ဦးခေါင်းထိခိုက်လို့ ခွဲစိတ်ဖို့လက်မှတ်ထိုးရမယ်တဲ့ ဟင့် ဟင့် ဟင့်
#ဘာ ငါသိတယ် ငါသိတယ် တောက်! အဖေရာ ငါခုချက်ချင်းလာခဲ့မယ် ခွဲစိတ်ဖို့လက်မှတ်ထိုးလိုက် Taehyung
#ဟုတ် ဟုတ်ကဲ့
Taehyung ကပဲ အုပ်ထိန်းသူခွင့်ပြုချက်ဖြင့်လက်မှတ်ထိုးပေးလိုက်တော့ ချက်ချင်းပဲ အရေးပေါ်ခွဲစိတ်ခန်းစီသို့ Jungkook ကိုခေါ်ဆောင် သွားရာ ဘေးကနေ Jungkook လက်ကလေးကိုကိုင်လို့ လိုက်လာတဲ့ Taehyung..ခွဲစိတ်ခန်းရှေ့ Jungkook ရဲ့နဖူးလေးကိုအနမ်းပေးကာ
YOU ARE READING
𝙾𝚗𝚕𝚢 𝚄 (Complete)
Fanfic*သူ့အတွက်တော့ကျွန်တော်ကို မွေးဖွားလာပေးတာက ဆုလဒ်တခုဖြစ်နေခဲ့သည်တဲ့*