41

1.5K 117 15
                                    


ပထမဆုံး ကုမ္မဏီဆိုတဲ့နေရာကို ခြေချမိပြီး ကားပါကင်မှာကားရပ်ကာ အဖေ​ပြောထားတဲ့ အထပ်သို့တက်လာဖို့အလုပ် ဓာတ်လှေကားအရှေ့မှာစောင့်နေချိန် အနားသို့အခြားအလုပ်လာသူတွေလည်းရောက်လာကြသည်..ဓာတ်လှေကားနှစ်ခုရှိသည့်ကိုမှ VIP လို့ရေးထားတဲ့ ဓာတ်လှေကားကိုတချက်ကြည့်ပြီး သာမာန်ဓာတ်လှေကားရှေ့လေးမှာရပ်နေကာ ဓာတ်လှေကားတံခါးပွင့်လာလို့ သူအရင်ဝင်သွားကာ အနောက်မှာကပ်လို့ရပ်နေချိန် အနောက်ကနေတယောက်မှာဝင်မလာပဲ သူ့ကိုမြင်တော့ ဦးညွှန့်နှုတ်ဆက်နေကြတာကြောင့် Taehyung မှာကြောင်တောင်တောင်​လေးဖြစ်နေ​ကာ ဓာတ်လှေကားထဲ သူ့အပြင်ဘယ်သူမှမရှိတာကြောင့် ဘာလို့များလည်းဟုတွေးပြီး

" ဟိုလေ တူတူစီးလို့ရပါတယ် ဝင်လာခဲ့ကြပါ "

" ရပါတယ် သူဌေးလေး အရင်သွားပါ "

" ဗျာ.. ကျွန်တော်က "

သူ့ကိုသူလက်ညိုးလေးထိုးကာ တအံ့တသြပြန်မေးနေတဲ့ Taehyung

" ဥက္ကဌကြီး ပြောထားပါတယ် အေးဆေးတက်သွားပါ "

Taehyung စိတ်ထဲ သူ့အဖေကဘယ်လိုတောင်ပြောထားလို့များလည်းဟုတွေးကာ အပြင်ကသူတွေကို သူကတဖန်ဦးညွှန့်ကာ နှုတ်ဆက်လို့ အရင်တက်လာခဲ့တော့သည်..အဖေရုံးခန်းရှိရာအလွှာရောက်တော့လည်း သူဝင်လာတာနဲ့ အားလုံးက ထိုင်နေရာကနေထကာ ဦးညွှန့်နှုတ်ဆက်ကြပြန်တော့ သူကလည်းအားနာလို့ ဦးညွှန့်နှုတ်ဆက် ဝန်ထမ်းတွေကလည်းနှုတ်ဆက်နဲ့ Taehyung တယောက်မြန်မြန်သာလျှောက်လာခဲ့တော့သည်..

" ဥက္ကဌကြီးနဲ့တွေ့ချင်လို့ပါ "

အခန်း​ရှေ့မှာရှိနေတဲ့ အတွင်းရေးမှုးကိုပြောလိုက်တော့ အခန်းတံခါးခေါက်ကာ သူရောက်နေကြောင်းလှမ်းပြောပေးတော့ အခန်းထဲကနေ သြဇာအာဏာအပြည့်ဖြင့် ဝင်ခဲ့ဖို့ဖြေလာတဲ့ အဖေအသံက သူ့ကိုဆေးရုံမှာစကားပြောသည့်အသံနှင့် တခြားစီပင်..

" ဝင်ခဲ့ "

အခန်းတွင်းရောက်တော့ ခုဏဖြေတဲ့အသံ အနေအထားဟာအားလုံးပြောင်းလဲသွားကာ သူ့ကိုလက်ကားကာဖက်ဖို့ရောက်လာသည်..

𝙾𝚗𝚕𝚢 𝚄 (Complete) Where stories live. Discover now