44

1.4K 101 16
                                    

ခုဆို သူတို့နှစ်ယောက်လုံးမှာ ကိုယ်စီအလုပ်ခွင်ဝင်ကြရပြီ အရင်လိုတူတူမဟုတ်တယောက်တနေရာမိဘပိုင်တဲ့ကုမ္မဏီတွေမှာအလုပ်ဝင်ဖြစ်ကြသည် Jungkook ကတော့ သူ့ရဲ့ဟိုတယ်မှာပဲပေါ့..

တနေ့တနေ့ နေ့လည်ပိုင်းမှာ မရတဲ့အချိန်လေးကိုမှပေးကာ တယောက်အားရင်တယောက်စီသွားကနေ့ခင်းဘက်လည်းတွေ့ဖြစ်ကြသေးသည်..

ဒီနေ့တော့ Taehyung တယောက်သူအားနေတာကြောင့် ဟိုတယ်ဆိုတော့ Taehyung လိုအလုပ်သိပ်မများ အမြဲလာနေတဲ့ Jungkook ကိုမလာခိုင်းတော့ပဲ သူလာခဲ့မည်ဟုဆိုကာ လမ်းမှာ Jungkook ကြိုက်တက်တဲ့ ကော်ဖီနဲ့ကိတ်လေးနေ့လည်စာစားအပြီး အချိုတည်းရန်ဝင်ဝယ်လိုက်သည်..

ထိုဆိုင်ထဲကကော်ဖီခွက်လေးနဲ့ ကိတ်လေးကိုကိုင်ကာ ဆိုင်ထဲကအထွက် လက်တဖက်ကတံခါးဖွင့်ကာ လက်တဖက်ထဲဖြင့်မုန့်တွေကိုင််ထားရတာကြောင့် လက်ကလည်းမနိုင်မနင်း ထိုအချိန် လူတယောက်က ဆိုင်ထဲသို့ အရိုန်နဲ့ဝင်အလာ Taehyung ကအထွက်မှာ ဝင်တိုက်မိကြတာ Taehyung လက်ထဲကမုန့်တွေအကုန် ကြမ်းပြင်သို့ပြုတ်ကျကာ မွစာကျဲလို့သွားသည်..

" အို!"

" အာ sry ပါဗျာ ကျွန်တော်အရိုန်လွန်ပြီး ဖြစ်သွားတာ Sry ပါဗျာ ကျွန်တော်အသစ်ပြန်ဝယ်ပေးပါ့မယ်"

" ရပါတယ် ကျွန်နော်ဘာသာဝယ်လိုက်မယ် ရပါတယ်"

" မဟုတ်တာဗျာ ကျွန်တော်မှားတာမို့လို့ပါ "

အဲ့လိုနဲ့ နှစ်ယောက်သားဆိုင်ထဲပြန်ရောက်လာပြီး Taehyung က သူ့ဘာသာအသစ်ပြန်မှာကာ ငွေရှင်းဖို့အလုပ် Taehyung လက်ကိုလှမ်းကိုင်ကာတားလိုက်တဲ့ထိုလူ..Taehyung လည်းသူ့လက်ကိုကိုင်ထားတာကြောင့် ထိုလူကိုမော့ပြီးကြည့်လိုက်မိသည်..

" အာ sry ပါ ကျွန်တော်ပေးလိုက်ပါ့မယ် "

" ကျေးဇူးတင်ပါတယ် "

မှာထားတာလေးယူပြီး ဆိုင်ထဲကပြန်ထွက်လာခဲ့ကာ သူ့ကားရှ်ိရာသွားတော့ ကားနားအရောက်မှာ သူ့ကားရှေ့ဘီးတဘီးက ဘီးပေါက်သလို လေလုံးဝမရှိတော့

" ဟာ ဘယ်လိုဖြစ်တာလည်း ခုဏကအကောင်းကြီးပါ တလမ်းလုံးလည်းမောင်းလာတာကို ကျစ်! ကိုယ့်ဘာသာသွားမှပဲ မျိုးစုံဖြစ်တော့တယ် "

𝙾𝚗𝚕𝚢 𝚄 (Complete) Where stories live. Discover now