ဆေးရုံတက်တာ သုံးရက်မြောက်နေ့ပေါ့ ဒဏ်ရာကလည်းသက်သာကာစပြုနေပြီ..
" ဟို ဟိုလေ "
Taehyung စားရန်အသီးအနှံလေးတွေသွားဝယ်ပြီးပြန်လာတဲ့ Jungkook..အသီးလေးတွေ သေချာလေးနွှာနေချိန် လက်ကလေးအနောက်ပြစ်လို့အနားသိူ့ရောက်လာတဲ့ Taehyung..
"အင်းပြောလေ Tae "
" ကျွန်တော် အပြင်သွားချင်လို့ အခန်းထဲမှာနေရတာကလေ..အဲ့တာ အပြင်သွားလို့ရမလား "
လက်ကလေးနောက်ပြစ်ကာ ခေါင်းလေးငုံ့လို့တလုံးချင်းခွင့်တောင်းနေတဲ့ Taehyung..လှီးလက်စအသီးကိုချကာ ဓားကိုချလိုက်ချိန်မှာ လက်ထဲကချော်ကျသွားတာကြောင့်ပစ်ချလိုက်သရာအသံ ကျယ်လို့သွားသည်..
" ရ ရပါတယ် CEO မသွားတော့ပါဘူး "
Taehyung လှည့်ထွက်သွားတော့ Jungkook မှာပြာပြာသလဲ Taehyung ရဲ့လက်ကလေးကိုလှမ်းဆွဲကာ
"Tae Tae ကိုယ်လုပ်တာ မဟုတ်ဘူး ဓားကလက်ထဲကချော်ကျသွားတာ မသွားစေချင်တာမဟုတ်ဘူး လာသွားရအောင် "
လက်ကိုဆုတ်ကိုင်လိုက်တာကြောင့် Taehyung မျက်လုံးပြူးမျက်စံပြူးဖြင့် အတင်းပြန်ဖြုတ်ကာ
" CEO မဖြစ်ဘူးလေ "
" မဖြစ်ဘူးလား "
" မဖြစ်ဘူးလေ "
" ဖြစ်အောင်လုပ်မယ်ကွာ "
" ကျွန်တော်မသွားတော့ဘူး "
" အင်းပါ ကိုယ်သိပါတယ် လာဒီတိုင်းသွားရအောင်နော် ဒါပေမယ့် တနေ့မင်းလက်ကိုခုလိုဆုတ်ကိုင်ပြီး ခန်းမထဲဝင်ချင်တယ် ခွင့်ပြုမယ်မဟုတ်လား Tae "
" CEO ကလည်း "
Taehyung ရဲ့လက်ကလေးကိုဆုတ်ကိုင်ကာ ထောင်ပြပြီးပြောလိုက်တဲ့ စကားကြောင့် Taehyung တယောက် ခေါင်းလေးငုံ့ကာရှက်ပြုံးလေးပြုံးလို့သွားသည်..
နှစ်ယောက်သား နွေဦးရာသီ သာယာလှတဲ့နေလေးတနေ့လို့ပြောရမှာပေါ့ ဆေးရုံရဲ့ပန်းခြံလေးထဲ အနားယူနေကြတဲ့ သက်ကြီးရွယ်အိုလူနာတွေရယ် ဆော့ကစားနေကြတဲ့ ကလေးလူနာတွေရှိကြသလို အခြားလူငယ်လူနာတွေကြား သူတို့နှစ်ယောက်လဲအပါအဝင်ပေါ့ ဘေးခြင်းကပ်လျက် လမ်းလျှောက်ကာ လက်ကလေးနှစ်ဖက်က မထိတထိလေးတွေထိလို့နေသည်..ထိမိတိုင်း ပြုံးမိသွားတဲ့ သူတိူ့နှစ်ယောက်..
YOU ARE READING
𝙾𝚗𝚕𝚢 𝚄 (Complete)
Fanfiction*သူ့အတွက်တော့ကျွန်တော်ကို မွေးဖွားလာပေးတာက ဆုလဒ်တခုဖြစ်နေခဲ့သည်တဲ့*