အသုဘအခန်းအနားသို့ အနက်ရောင်အနောက် တိုင်းဝတ်စုံအပြည့်ဝတ်ကာ တက်ရောက်လာကြတဲ့ Jungkook နဲ့ Taehyung.သူတို့နှစ်ယောက်အနောက်ကနေ မိဘနှစ်ပါးကလိုက်လာသလို အတွင်းရေးမှူးကတွန်းပေးလာတဲ့ ဝှီးချဲပေါ်က Jimin..
ကားမှောက်မှုနဲ့ သေချာနလန်ပြန်မထူသေးကြောင့် ခုလိုဝှီးချဲနဲ့သာသွားနေရသေးတဲ့ Jimin..သူနဲ့အတူတူကားမှောက်မှုမှာ အသက်ဆုံးရှုံံးသွားရတဲ့ သူရဲ့ မန်နေဂျာအကိုရဲ့ ဇာပနအခန်းအနားသို့မိသားစုလိုက်တက်ရောက်လာကြခြင်းဖြစ်သည်..
အခန်းတခုရဲ့ထောင့်လေးမှာ ဝမ်းနည်းစွာငိုကြွေးနေတဲ့ အမျိုးသမီးတဦး သူမရဲ့ဘေးမှာ ထိုင်နေတဲ့ ကလေးငယ်နှစ်ယောက်..
Taehyung တို့မိသားစုအားလုံး ဂန္ဓမာ ပန်းလေးတွေချကာဝမ်းနည်းကြောင်းပြကာ ဂါဝရပြုပြီး ထိုအမျိုးသမီးကိုလည်းနှုတ်ဆက်ကြသည်..
" မရီး "
" Jimin လေး မင်းအကိုက အမတို့ကိုထားခဲ့ပြီ "
လင်ယောကျားအိမ်ထောင်ဦးစီးတယောက်ဆုံးရှုံးရတယ်ဆိုတာဘာနဲ့မှအစားထိုးမရတဲ့ဆုံးရှုံးမှုတခုဖြစ်သည်..ထိုဆုံးရှုံးမှုကိုဖြေသိမ့်ပေးစရာ တဖက်လူမှာလည်းလုပ်လောက်တဲ့ နှစ်သိမ့်စကားဆိုတာရှိမည်မဟုတ်.. Jimin လည်း ဝှီးချဲပေါ်ကနေသာ ထိုအမျိုးသမီးရဲ့လက်ကလေးကိုကိုင်လို့ နှစ်သိမ့်ပေးရသည်..
ခဏမျှနေပြီးအခြားစီစဥ်ပေးစရာရှိတာတွေစီစဥ်ပေးကာ နှုတ်ဆက်လို့ပြန်လာခဲ့ကြသည်..ခုထိနေမကောင်းသေးတဲ့ Jimin ကြောင့်ရော ကိုယ်ဝန်လွယ်ထားရတဲ့ Taehyung ကြောင့်ပါ ကြာကြာမနေတော့..
" သား Taehyung အမေတို့အိမ်မှာနေ့လည်စာလိုက်စားပါလား Jimin လည်းရှိတော့ မိသားစုစုံစုံလင်လင် စားကြမယ်လေ "
" ဟုတ်အမေ.. ကိုယ်ရောအဆင်ပြေလား "
အမေဖြစ်သူကိုဟုတ်လို့ပြန်ဖြေပြီးကာမှ ဘေးမှာသူ့ရဲ့လက်ကလေးကိုတွဲလို့ထားတဲ့ Jungkook ဘက်လှည့်ကာ မေးလိုက်ခြင်းဖြစ်သည်
" Taeရယ် ကိုယ်ကဘာအဆင်မပြေစရာရှိလို့လည်း"
" မဟုတ်ပါဘူး ကိုယ်များနားချင်မလားလို့ပါ အဆင်ပြေတယ်ဆိုသွားရအောင်နော် "
YOU ARE READING
𝙾𝚗𝚕𝚢 𝚄 (Complete)
Fanfiction*သူ့အတွက်တော့ကျွန်တော်ကို မွေးဖွားလာပေးတာက ဆုလဒ်တခုဖြစ်နေခဲ့သည်တဲ့*