ညနေပြန်ရန်ပြင်ဆင်နေကြချိန်
"Tae ကိုယ်ဒီနေ့လေ အဖေက စီးပွါးရေးသမားတွေနဲ့ညစာစားဖို့ခေါ်ထားလို့ အဲ့တာကိုယ် Tae ကိုလိုက်မပို့နိုင်တော့ဘူးထင်တယ် တယောက်ထဲပြန်လို့အဆင်မပြေရင် ကိုယ်အတွင်းရေမှူးလီကိုလိုက်ပို့ခိုင်းလိုက်မယ် "
" ဒီမယ် CEO ခင်ဗျာ CEO ချစ်သူလေးကို ကလေးလေးလို့ထင်နေတာလားဗျာ "
Taehyung လက်ကလေးနောက်ပြစ်လို့ ပြုံးတုံးတုံးလေးမေးနေပုံလေးကြောင့် Jungkook တယောက် အသဲတွေယားရပြန်သည်..
"ဟာကွာ အဲ့လိုပုံစံလေးတွေကြောင့် ကိုယ်စိတ်မချတာပါဆို ဘာလို့ချစ်ဖို့ကောင်းအောင်လုပ်ပြပြန်တာလည်းကွာ တော်ပြီ အဖေစီနောက်ကျစေတော့ Tae ကိုအရင်လိုက်ပို့တော့မယ် "
"ဟိုးးးးမကဲနဲ့ အဖေနဲ့အဆင်ပြေအောင်နေ ကျွန်တော်တို့ရင်ဆိုင်ရမှာတွေအများကြီးရှိသေးတယ် "
" Tae ရယ် စိတ်မပူပါနဲ့ ကိုယ်အကုန်ရင်ဆိုင်ဖြေရှင်းမှာပါ ကဲ ဒါဆိုပြန်ရအောင် "
" ဟုတ် "
ဟုတ်ဟုဆိုကာ လှည့်ပြန်ဖို့လုပ်တဲ့ Taehyung..
အနောက်ကသက်ပြင်းဆောင့်ချသံနဲ့အတူ သူရဲ့နာမည်ကိုခေါ်လိုက်တာကြောင့် Taehyung ပြန်လှည့်ကြည့်လိုက်သည်.." Tae "
"ဘာလို့လည်း CEO"
ခေါင်းလေးစောင်းကာ ဇာတ်ပိုးကိုပွတ်ရင်းရှက်နေတဲ့ Jungkook..ရှက်ရှက်နဲ့ပဲ Taehyung ကို ပြုံးပြကာ နှုတ်ခမ်းလေးကိုကိုက်လိုက်ပြီး
" အာ အာဘွားလိုချင်လို့ "
Jungkook ရဲ့စကားကြောင့် Taehyung ခေါင်းလေးငုံ့ကာရှက်ပြုံးလေးပြုံးရင်း Jungkook ရှိရာသို့တလှမ်းခြင်းတိုးလာကာ ပခုံးပေါ်လက်ကလေးတင်လို့ခြေဖျားလေးထောက်လိုက်ပြီး ပါးပြင်သို့အနမ်းလေးတပွင့်ပေးလိုက်သည်..မသိရင်ဆယ်ကျော်သက်အရွယ်ရည်းစားတွေကျလို့ နှစ်ယောက်စလုံးရှက်နေကြသည်..
" ပြန်တော့မယ်နော် CEO "
" ဂရုစိုက်ပြန်နော် Tae အိမ်ရောက်ပြီဆို message ပို့လိုက် ညစာလည်းစားအုံးနော် ကိုယ်အိမ်ပြန်ရောက်ရင်ဖုန်းဆက်မယ်နော် အရမ်းနောက်မကျဘူးဆိုရင်.."
YOU ARE READING
𝙾𝚗𝚕𝚢 𝚄 (Complete)
Fanfiction*သူ့အတွက်တော့ကျွန်တော်ကို မွေးဖွားလာပေးတာက ဆုလဒ်တခုဖြစ်နေခဲ့သည်တဲ့*