ခမ်းနားလှတဲ့ မဂ်လာပွဲကြီးတခုမှ နှစ်ဖက်မိဘဆွေမျိုးတွေအပြင် လုပ်ငန်းတူ စီးပွားဖက်မိတ်ဆွေနဲ့အပေါင်းအပါ စုံလင်စွာတက်ရောက်လို့နေသည်..
စောင့်ဆိုင်းခန်းထဲ အဖြူရောင်ဂါဝင်ကြီးကိုဝတ်လို့ သူငယ်ချင်းတွေနဲ့အလှဓာတ်ပုံရိုက်နေတဲ့ အမျိုးသမီးငယ်..ဘယ်လောက်တောင်ပျော်နေလည်းဆို မျက်နှာမှာအထင်းသားမြင်နေရသည်..
တဖက်မှာလည်း လာသမျှဧည့်သည်ကို ဧည့်ဝတ်ပြုကာကြိုဆိုနေတဲ့ အမျိုးသားငယ်..ရင်ထဲကအပူတွေကိုထိန်းရင်း မိတ်မပျက်အောင်ဟန်ဆောင်လို့သာပြုံးနေရပေမယ့် သူ့ရဲ့ သတိုးသမီးဆိုတဲ့ အမျိုးသမီးငယ်ရဲ့ပုံစံကို သူရဲ့သိစိတ်ရော မသိစိတ်ထဲမှာပါ ပေါ်မလာတော့..
ဒါကဘယ်လိုအခြေအနေမျိုးလည်းဆို တခါမှမမြင်ဘူးတဲ့ မိန်းကလေးတယောက်နဲ့လက်ထပ်ရတော့မယ့် အမျိုးသားတယောက်လိုဖြစ်နေသည်..
အကိုတွေပြောတဲ့အတိုင်း အမေတိုက်တဲ့ဆေးတွေကိုမသောက်တော့တဲ့နောက်ပိုင်း အမေပြောပြောနေတဲ့ seoyoon ဆိုတဲ့သူလက်ထပ်ရမယ်မိန်းကလေးဟာလည်း ရုပ်ရှင်ကားဆန်ဆန် သူ့ရဲ့စိတ်ထဲကနေပျောက်ပျောက်သွားတာ တဖြေးဖြေး ပုံရိပ်လေးတောင်သူမမှတ်တော့..
" သား ဘာတွေစဥ်းစားနေတာလည်း ရင်တွေခုန်နေတာလား "
" ဟုတ်ကဲ့ အဖေ "
" ငါ့ညီ Fighting "
" ဟုတ် ကိုကြီး "
အကိုနှစ်ယောက်ကတော့ ညီဖြစ်သူရဲ့ပခုံးကိုပုတ်ကာ မျက်လုံးနဲ့သာစကားပြောလို့အနားကထွက်သွားကြသည်..စိတ်ထဲမှာတော့ Taehyung ရောက်လာဖို့ကိုသာမျှော်လင့်နေကြသည်..
...
" Taehyung ဘာလုပ်နေတာလည်း သွားမယ်လေ "" Ji Jimin ငါ...ငါမသွားချင်တော့ဘူး "
" ဘာလို့လည်း မရဘူးထ ခုချက်ချင်းသွားမယ် "
အဝတ်အစားအကုန်လဲပြီးသွားဖို့လုပ်နေချိန် မသွားတော့ဘူးလို့ ပြောလာတဲ့ Taehyung လက်ကိုကိုင်ကာ သွားဖို့ဆွဲခေါ်လာတော့ အနောက်မှာတောင့်တောင့်ကြီးရပ်နေတဲ့ Taehyung..
" Kim Taehyung အသိစိတ်ကပ်စမ်း မင်းဒီတခါလက်လျော့လိုက်တာနဲ့ မင်းတသက်လုံးနောင်တတွေနဲ့နေသွားရမှာ အသိစိတ်ကပ်ပြီး သွားမယ်!!"
YOU ARE READING
𝙾𝚗𝚕𝚢 𝚄 (Complete)
Fanfiction*သူ့အတွက်တော့ကျွန်တော်ကို မွေးဖွားလာပေးတာက ဆုလဒ်တခုဖြစ်နေခဲ့သည်တဲ့*