" ငါ မင်းအိမ်ဘယ်လိုရောက်လာတာလည်း "
"မမှတ်မိဘူးလား မင်းလမ်းပေါ်မှာ ငါနဲ့တိုက်မိပြီးလဲကျသွားတာလေ ပြီးတော့ ငိုရင်းမေ့လဲသွားတာ "
" အာ မှတ်မိပြီ အဲ့တာမင်းလား ကျေးဇူးပါ Jimin"
" ငါမေးတာဖြေလေ ငါတို့ ညီအကိုလုပ်ရအောင် "
" ညီအကို ဟုတ်လား Jimin "
" အင်း "
Taehyung တယောက်ခေါင်းလေးငုံ့ကာပြုံးလိုက်ပြီး မနက်စာစားရန်ဇွန်းလေးကိုကိုင်ထားပြီး နှုတ်ခမ်းလေးကိုဖိပိတ်ကာစဉ်းစားသည့်ပုံစံလေးဖြင့်
" ငါတို့ကမတူညီတဲ့ နေရာကလာကြတဲ့သူနှစ်ယောက်လေ မဖြစ်နိုင်ဘူး "
" မင်း CEO Jeon နဲ့တောင်ချစ်သူတွေဖြစ်နေသေးတာပဲ ငါနဲ့ညီအကိုဘာလို့လုပ်လို့မရတာလည်း ပြီးတော့..."
" မင်းသိနေတာလား "
" အင်း "
" ပြီးတော့ဘာဖြစ်လည်း "
ဟု Taehyung ရဲ့အမေးမှာ စားနေတဲ့ဇွန်းလေးကို ဘေးမှာချလိုက်ပြီး သူ့ကိုကြည့်ကာမေးနေတဲ့ Taehyung ရဲ့မျက်နှာလေးကို ကြည့်ကာ
" ငါတို့က လာတဲ့လမ်းခြင်းတူတူပဲ ဒါပေမယ့် ငါတို့လမ်းလွှဲသွားခဲ့တာ "
Jimin ပြောသမျှစကားတိုင်းကို Taehyung နားမလည်စွာ ခေါင်းလေးစောင်းလို့စဉ်းစားနေတော့ Taehyung ရဲ့ခေါင်းလေးကိုခပ်ဖွဖွလေးပွတ်ကာ
" ငါ့ညီလေးလုပ်ပေးပါ Taehyung ပြီးတော့ ရော့ ဒါငါအိမ်သော့ ဒီအိမ်မှာမင်းနေချင်ရင်နေလို့ရတယ် မင်းကငါ့ညီဖြစ်သွားပြီ အဲ့တာကြောင့် ငါပိုင်တာမင်းပိုင်တယ် "
" Jimin shi မဖြစ်နိုင်တာ "
" ဘာလည်း ခုချိန်ကစပြီး မင်းကငါ့ညီဖြစ်သွားပြီ မငြင်းနဲ့ မနေ့က လမ်းမပေါ်မူးလဲတာကို ကယ် တင် ခဲ့တဲ့ကျေးဇူးအနေနဲ့ ငါ့ညီလုပ်ပေးရမယ် ငါသွားတော့မယ် Taehyung အောက်မှာ မန်နေဂျာရောက်နေပြီ ငါဒီနေ့အသံသွင်းဖို့ရှိတယ် ညငါပြန်လာရင် မင်းနဲ့တွေ့ချင်သေးတယ် Taehyung ငါတို့ညစာတူတူစားလို့ရမလား "
" ငါ... "
" နားနားနေနေ နေခဲ့နော် ရေချိုးအဝတ်အစားလဲချင်ရင် ဟိုဘက်အခန်းမှာ မင်းကြိုက်တာယူဝတ်လို့ရတယ် ငါသွားတော့မယ်နော် "
YOU ARE READING
𝙾𝚗𝚕𝚢 𝚄 (Complete)
Fanfiction*သူ့အတွက်တော့ကျွန်တော်ကို မွေးဖွားလာပေးတာက ဆုလဒ်တခုဖြစ်နေခဲ့သည်တဲ့*