29

1.5K 131 16
                                    


" လမ်းခွဲရအောင် "
....

မနေ့ကဖြစ်သည်..

" Tae ကိုယ်ဒီနေ့ အမေ့ကိုဆေးခန်းပြပေးရမှာမို့လို့ အိမ်လိုက်မပို့တော့ဘူးဖြစ်လား "

" ဖြစ်ပါတယ် Tae က ကလေးလေးမဟုတ်ဘူးလို့ခဏခဏပြောဘူးတယ်လေ "

" ကလေးလေးမဟုတ်တာသိတယ် စိတ်မချတာက Tae ဖြစ်နေလို့လေ "

" စိတ်ချပါဗျာ အိမ်ရောက်တာနဲ့ဖုန်းဆက်မယ်နော် "

" ခဏလောက်အနားလာပါအုံးပေါင်ပေါ်လာထိုင်ဖက်ထားချင်လို့ "

" ဟင်ဖြစ်ပါ့မလား ရုံးခန်းထဲသူများဝင်လာရင် "

" ဝင်လာရင်တံခါးခေါက်လိမ့်မယ် လာပါကွာ ဖက်ထားချင်လို့ "

အလုပ်စားပွဲမှာထိုင်နေတဲ့ Jungkook နားသွားတော့ လက်ကလေးကိုဆွဲကာသူ့ရဲ့ပေါင်ပေါ်ထိုင်စေပြီး ခါးလေးကိုသိုင်းကာဖက်လို့ Taehyung ရဲ့ရင်ခွင်ကိုပါးလေးကပ်လို့ထားသည်..

" ရင်ခုန်သံတွေမြန်နေပါလားTae ကိုယ်နဲ့ထိတွေ့ရတာခုထိရင်ခုန်တုန်းလား "

" အင်း "

" အမြဲတမ်းအဲ့လိုလေးဖြစ်နေပေးနော် ရင်ခုန်သံတွေအမြဲလက်ဆက်နေတာကောင်းတယ် "

ရင်ခွင်ကိုပါးလေးကပ်ထားရာကနေခေါင်းလေးမော့ကာပြောတော့ Taehyung က ပါးပြင်လေးကိုလက်ဝါးဖြင့်အုပ်ကိုင်ကာ နှုတ်ခမ်းလေးကို ကုန်းကအနမ်းတပွင့်ပေးလိုက်ပြီး

" အချစ်တွေကအစ လက်ဆက်နေမှာပါဗျာ"

" ချစ်တယ် Tae ကိုယ်မင်းကိုအရမ်းချစ်တယ် "

" Tae လည်း ကိုယ့်ကိုအရမ်းချစ်တယ် "

" နားထောင်လို့ကောင်းလိုက်တာ Tae ရယ် "

ညနေရုံးဆင်းချိန်ရောက်ပြန်တော့လည်း မလိုက်ပို့ရုံတမယ်ပဲ သူ့မှာစိတ်မချနိုင်တတွတ်တွတ်မှာနေတဲ့ Jungkook..

" ကိုယ်ပြန်တော့ Tae စိတ်ကောက်မိတော့မယ် "

" ဟိုး နိုးနိုး စိတ်တော့မကောက်ပါနဲ့ ပြန်ပါတော့မယ် ဟုတ်ပြီလား "

Jungkook နဲ့ Taehyung ဓာတ်လှေကားထဲမှာလမ်းခွဲလိုက်ပြီး Taehyung က ဘက်စ်ကားဂိတ်သို့ထွက်လာခဲ့သည်..Taehyung ကားဂိတ်ရောက်တော့ဖုန်းဝင်လာတာကြောင့် Jungkook ဖုန်းဆက်တယ်ထင်ကာ အိတ်ထဲကနေ မြန်မြန်ထုတ်ကြည့်လိုက်တော့ Jungkook အမေစီကဖြစ်နေပြန်သည်..

𝙾𝚗𝚕𝚢 𝚄 (Complete) Where stories live. Discover now