26

1.8K 136 13
                                    

Jungkook တွဲခေါ်ရာနောက်ကောက်ကောက်ပါအောင်လိုက်လာခဲ့ရတဲ့ Taehyung..အိမ်ထဲကနေ အခန်းရှိရာစီသို့ရာရောက်လို့ Taehyung အခန်းဝ ရှေ့မက်တက်လေးရပ်လို့နေမိသည်..

အဝတ်ဗီဒိုထဲအဝတ်တွေရှာနေတဲ့ Jungkook..သူ့ရဲ့အဝတ်အစားတွေထဲကမှ Taehyung ဝတ်လို့ရနိုင်မယ့် အဝတ်အစားရွေးယူလိုက်ပြီး အခန်းဝမှရပ်နေသေးတဲ့ Taehyung စီသွားကာ လက်ကလေးကိုဆွဲလို့ အကျီပေးပြီး

" အကျီသွားလဲလိုက်အုံး Tae "

" ဟုတ် ဟုတ်ကဲ့ CEO "

Taehyung အဝတ်အစားလဲပြီးပြန်ထွက်လာတော့ Jungkook ကလည်းအဝတ်အစားလဲလို့ပြီးနေပြီ..

ရေချိုးခန်းထဲကထွက်လာတဲ့ Taehyung ဟာ အဝတ်ပုံထဲရောက်နေသလို Jungkook ရဲ့အကျီတွေကသူနဲ့အကုန်ကြီးလို့နေသည်..

အကျီလက်ကိုဆွဲမြောက်လိုက်တော့ လက်ဝါးအရှည်လောက်ပိုနေတဲ့အကျီက တွဲကျနေသည်..

" CEO "

Taehyung ရဲ့ခေါ်သံကြောင့် အဝတ်ဗီဒိုထဲ ပုဝါထုတ်နေတဲ့ Jungkook လှည့်ကြည့်မိကာ Taehyung ကိုမြင်တော့ ပုဝါကိုင်လျက်အနားသို့ရောက်လာပြီး ရေစိုနေတဲ့ဆံပင်တို့ကိုသုတ်ပေးရန် ပုဝါကိုခေါင်းပေါ်ခြုံလိုက်ကာ ခေါင်းလေးကိုဆွဲမလိုက်တော့ မျက်လုံးအဝိုင်းသားနဲ့ကြည့်နေတဲ့ Taehyung..နှစ်ဦးသားအကြည့်တို့စုံကာ

" မြတ်နိုးမိတဲ့မျက်ဝန်းညိုလေး "

" ဗျာ "

" ချစ်တယ် "

ထပ်မှန်စုံနေမိတဲ့ မျက်ဝန်းနှစ်စုံ အကြည့်တို့မလွှဲနိုင်. Taehyung ရဲ့ခေါင်းလေးကိုကိုင်ထားရာကနေ ပါးပြင်လေးကိုအုပ်ကာကိုင်လိုက်ပြီး

" ကိုယ် မင်းကို အကြာကြီးနမ်းချင်တယ် "

ခေါင်းလေးကိုညင်သာစွာညိတ်ပြလိုက်တဲ့ Taehyung သူ့ရဲ့မျက်နှာလေးနားခေါင်းလေးစောင်းကာတိုးကပ်လာတဲ့ Jungkook ကြောင့် မျက်လွှာလေးကိုချလိုက်သည်..

ထိကပ်လာတဲ့ နှုတ်ခမ်းတစုံကချိုမြိန်မှုအပြည့်ထိကပ်ရုံမျှအနမ်းလေးကနေ ပွင့်ဟလို့သွားတဲ့ နှုတ်ခမ်းလေးကို အပေါ်တလှည့်အောက်တလှည့် ညင်သာစွာ အနမ်းလေးတွေ​ချွေလို့နေသည်..

𝙾𝚗𝚕𝚢 𝚄 (Complete) Where stories live. Discover now