38

1.4K 112 16
                                    

#Tae Tae နှလုံးခုန် ရပ်သွားပြီ

#ဘာ! နှလုံးခုန်ရပ်သွားပြီ....... အဖေ

သားဖနှစ်ယောက်လုံး CCTV အခန်းကနေ Taehyung ရှိရာအခန်းသို့အပြေးရောက်လာချိန် Taehyung ကို အခန်းထဲကနေ အရေးပေါ်ခန်းရှိရာသို့ ဆရာဝန်များခေါ်သွားကြသည်ကိုလှမ်းမြင်တော့ အနောက်ကနေအပြေးလိုက်သွားကြသည်..

အရေးပေါ်ခန်းရှေ့ အမျိုးသားသုံးယောက်ဟာ ပထမတခါအရေးပေါ်ခွဲစိတ်တုန်းကလိုပဲ စိတ်ပူနေကြပေမယ့် ဒီတခါစိတ်ပူမှုကတော့တူနေကြသည်..

ထိုအချိန် မှုခင်းသူနာပြုဆရာဝန်မလေးဟာ ခုဏဆေးထိုးအပ်ကိုစစ်ဆေးထားတဲ့ ဆေးအဖြေသိရကာ အရေးပေါ်ခွဲခန်းရှိရာစီသို့ပြေးဝင်သွားတော့သည်..

အရေးပေါ်ခန်းထဲ CPR နည်းဖြင့် နှလုံးပြန်ခုန်အောင်ကြိုးစားနေတဲ့ ဆရာဝန်.. သူနာပြုဆရာမလေးရဲ့ ဆေးအဖြေကြားတော့ ချက်ချင်းဖြေဆေးရှာရတော့သည်..

" ဆရာအဖြေသိရပါပြီ "

" ဘာလည်း "

" နှလုံးခုန်ရပ်အောင်လုပ်တာပါ "

" ဒါကသေကြောင်းကြံစည်မှုပဲ သူနာပြုမင် ဖြေဆေးအမြန်သွားယူလာခဲ့ အချိန်မမှီတော့ဘူး မြန်မြန် "

သူနာပြုမင် ခွဲခန်းကနေပြေးထွက်လာပြန်တော့လည်း အရှေ့က သုံးယောက်မှာ စိတ်ပူစွာလိုက်ကြည့်မိပြန်သည်..

"သူနာပြုချွဲ စက်အဆင်သင့်ပြင်ထား "

" ဟုတ်ကဲ့ "

အရေးပေါ်ကုသနေချိန် Taehyung ရဲ့စိတ်က Jungkook စီရောက်သွားသလို အပြင်မှာ သူ့ကိုစိတ်ပူစွာ ငိုနေတဲ့ Jungkook ကိုကြည့်ပြီး (ဝိဉာဥ်လွင့်နေတယ်ပြောရမလား)

Tae pov: ကို ဘာလို့ငိုနေရတာလည်း မငိုပါနဲ့ကိုယ်ရယ် Tae ပြန်လာခဲ့ပါ့မယ် မငိုပါနဲ့တော့ Tae ပြန်လာဖို့ကြိုးစားနေပါတယ် Tae မသေချင်သေးဘူး ကိုယ့်နားမှာနေချင်သေးတယ် ဟင့် Tae ကြောက်တယ် ဒီနေရာကြီးကမှောင်မဲနေလို့ Tae ကြောက်တယ် ဟင့် ဟင့်

" ဆရာဒီမှာဖြေဆေးရပါပြီ "

Taehyung ရဲ့ ခန္တာကိုယ်ထဲသို့ ဝင်သွားတဲ့ ဆေးရည်ပမာဏကအလွန်နည်းတာကြောင့် Taehyung အတွက် တော်တော်လေးကံကောင်း သည်ဟုဆိုရမည် ဆေးရဲ့အစွမ်းကြောင့် ခဏမျှ နှလုံးခုန်ရပ်သွားပေမယ့် ဆရာဝန် ရဲ့ကြိုးစားမှုကြောင့်ရော ဖြေဆေးအချိန်မှီထိုးနိုင်လိုက်တာကြောင့်ရယ် လူနာရဲ့အသက်ရှင်ချင်နေသေးတဲ့ စိတ်ကြောင့်ရယ်ပေါင်းကာ Taehyung ရဲ့ နှလုံးဟာ ဖြေးဖြေးခြင်းပြန်လည်အသက်ဝင်လာတော့သည်..

𝙾𝚗𝚕𝚢 𝚄 (Complete) Where stories live. Discover now