19

1.8K 137 52
                                    

အကိုတွေရဲ့လုပ်ငန်းပွဲတခုသို့ Jungkook နေ့လည်ပိုင်းပွဲတက်လို့လာတော့ သူ့ရဲ့အနောက်ပါလာတဲ့ Taehyung..ပွဲထဲရောက်တော့ အသိမိတ်ဆွေတွေနဲ့စကားပြောနေချိန် အနားမှာတချိန်လုံးရှိနေတဲ့ Taehyung..

ပွဲအတွင်းသို့ဖိတ်ကြားထားတဲ့ ဧည့်သည်တွေတယောက်ပြီးတယောက်ရောက်လာသည့်အထဲ Taehyung ရဲ့အကြည့်တို့က တစုံတယောက်စီရောက်သွားကာ ထိုလူကိုမြင်တော့ပြုံးပျော်သွားတဲ့ Taehyung စကားပြောနေရင်းမျက်လုံးထောင့်ကနေလှမ်းမြင်လိုက်တာကြောင့် ဘာကြောင့်များခုလောက်ထိပြုံးလိုက်ရတာလည်းဆိုတဲ့ ထိုအပြုံးဖြစ်ပေါ်လာရခြင်းရဲ့အကြောင်းအရင်းကိုလှမ်းကြည့်လိုက်တော့ သူ့နဲ့ယှဥ်တောင် ထိုလူမှထိုလူပဲဆိုတဲ့ မင်းသား Song Seung Heon..

" ဒီလူက "

" Jungkook ဘာလို့လည်း "

" ခဏလေးနော် ဟေ့ရောင်တွေ ငါငါ့အကိုစီခဏသွားလိုက်အုံးမယ် "

Taehyung ဘယ်လောက်တောင်ငေးနေလည်းဆို Jungkook ထွက်သွားတာတောင်မသိ.. Jungkook တချက်လှည့်ကြည့်တော့သူနောက်ပါမလာကျန်ခဲ့တဲ့ Taehyung ကို မျက်မှောင်ကျုတ်ကာကြည့်ရင်း အရမ်းသိသာမှာဆိုးတာနဲ့ အကိုတွေစီသာအရင်သွားကာ

" ကိုလတ် အဲ့မင်းသားကဘာလာလုပ်တာလည်း "

" အား အဲ့ Hyung လား သူက ကိုကြီးရဲ့ခုလုပ်ငန်းမှာရှယ်ယာပါတယ်လေ ဘာလို့လည်း ရင်းနှီးချင်လို့လား မိတ်ဆက်ပေးမယ် ခဏ"

" မရင်းနှီးချင်ပါဘူး ဒီတိုင်းမေးတာ "

" ဟေ့ရောင် ဘာဖြစ်တာလည်း ဘာလည်း မင်းထက်ချောတဲ့သူမို့ မနာလိုတာလား "

" ဘာ ကိုလတ်ကပါ အဲ့မင်းသားနဲ့ကျွန်တော် အဲ့မင်းသားကပိုချောတယ်ပေါ့ "

" ဟားးးငါ့ညီ ကလေးလေးလားကွာ မင်းသား Song Seung Heon ကိုမချောဘူးပြောတဲ့သူဘယ်သူမှမရှိဘူး မင်းသားက မင်းအရွယ်တုန်းကဆို တော်တော်ချောတာ ခုမင်းထက်အသက်အများကြီးကြီးတာတောင်အရွယ်မကျချောနေသေးတာပဲကြည့်လေ "

" တော် ဒါပဲ "

ကိုလတ်ဖြစ်သူကပါယှဥ်ပြီးပြောလိုက်တော့ Jungkook အနာ​ဟောင်းပေါ်တုတ်ကျသွားသလို တဖက်သို့လှည့်ထွက်လာပြန်တော့ ခုထိခုဏနေရာမှရပ်ကာ လက်ကလေးနှစ်ဖက်ကိုဆုတ်ကိုင်ကာ သဘောကျတဲ့မျက်ဝန်းတွေနဲ့ ကြည့်နေတဲ့ Taehyung ကြောင့်ပိုလို့ ဒေါသကငယ်ထိပ်​ဆောင့်သွားကာ Taehyung ရှိရာသွားလို့ရှေ့ကနေကာရပ်လိုက်ပြီး နှစ်ကိုယ်ကြားသာကြားရလောက်တဲ့အသံနဲ့

𝙾𝚗𝚕𝚢 𝚄 (Complete) Where stories live. Discover now