37

1.5K 122 19
                                    

ဆေးရုံသို့ Taehyung ရဲ့အမေဖြစ်သူဝင်သွားတာကိုလှမ်းမြင်လိုက်တဲ့ Jungkook..Jimin နဲ့အတူတူ Taehyung အတွက်လိုအပ်တာတွေသွားဝယ်သလို Tarhyung နဲ့အဖေဖြစ်သူအေးဆေးစကားပြောရန်ရှောင်ထွက်လာခဲ့ကြတာ..ခုလိုအမေဖြစ်သူပါရောက်လာတော့ ပြသနာဖြစ်မည်ဆိုတာကြောင့် ပြေးလိုက်လာခဲ့ကြပေမယ့်.. အခန်းထဲ သူတို့နှစ်ယောက် ဝင်တဲ့အချိန်မှာ အားလုံးကတိတ်ဆိတ်လို့နေသလို အမေဖြစ်သူကလည်း လှည့်ပြန်ဖို့အလုပ်..

" shinah မင်း ဘယ်သွားမလို့လည်း "

" ငါရှိလည်း မထူးဘူး မရှိလည်းမထူးတဲ့နေရာမှာနေစရာမလ်ိုဘူးထင်လို့လေ "

" ဒါပေမယ့် သားငယ် "

" ထွက်သွား "

Taehyung ပြောလိုက်တဲ့ စကားကြောင့် နှုတ်ခမ်းတဖက်တွန့်ကွေးရုံမျှပြုံးလိုက်ပြီး လှည့်ထွက်လာတော့ အခန်းတံခါးဝနားတွေ့လိုက်ရနဲ့ Jungkook နဲ့ Jimin မှာ Jimin ကိုကြည့်ကာ..

" ကောင်းကောင်းမွန်မွန် လှလှလေးကြီးလာတာပဲ.... "

shinah pov: သားလေး

ဟုဆိုပြီး ရင်ထဲမှာခေါ်လိုက်တဲ့ သားလေးဆိုတဲ့ အသံ မည်သူမှတော့ကြားမည်မထင်..ပြုံးပြကာနှုတ်ဆက်လို့ထွက်သွားတဲ့ Shinah ..

" shinah!"

အဖေဖြစ်သူလှမ်းခေါ်တာတောင် လှည့်မကြည့်ပဲထွက်သွားတဲ့ အမေကို အရင်ကထက်ကိုပိုမုန်း သည်..ဒီလောက်သားတယောက်လုံး ဆေးရုံပေါ်ရောက်ပြီး ဝေဒနါခံစားနေရတာတောင် စိတ်ပူတဲ့မျက်နှာမပြတဲ့အမေဖြစ်သူကိုအရင်ကထက်ပိုမုန်းသည်..

မက်တက်ရပ်နေရာကနေအနည်းငယ်ယိုင်သွားတဲ့ Taehyung..အနားမှာရှိတဲ့ အဖေဖြစ်သူက ပခုံးလေးကိုထိန်းကိုင်ကာ မှီစေလိုက်တော့လည်း အဖေဖြစ်သူကိုပါတွန်းကာ သူ့ဘာသာ ကာတင်ရှိရာဖြေးဖြေးလေးလျှောက်တော့ အနားကိုရောက် လာတဲ့ Jungkook..ကိုယ်လုံးလေးကို ထိန်းမကာပွေ့ချီလိုက်ပြီး ကုတင်ပေါ်အသာအယာချလို့ စောင်လေးခြုံပေးတော့ Jungkook ရဲ့လက်က်ိုဆုတ်ကိုင်လိုက်တဲ့ Taehyung..

" ကို ဒါတွေက အိမ်မက်လား Tae အိမ်မက်မက်နေတာလား "

" အိမ်မက်မဟုတ်ဘူး Tae.. Tae လိုချင်ခဲ့တဲ့ Tae အဖေလေ Tae ခေါ်ချင်ခဲ့တဲ့ အဖေဆိုတဲ့ နာမ်စား Tae အခုခေါ်လို့ရတယ် ရဲရဲကြီးခေါ်ချလိုက် "

𝙾𝚗𝚕𝚢 𝚄 (Complete) Where stories live. Discover now