so i'll tell you....
# ဟယ်လို CEO
#Tae ကိုယ်အိမ်ရှေ့ရောက်နေတယ် တံခါးဖွင့်ပေးပါ
#ဟင် ဘာလို့မနက်အစောကြီးရောက်လာတာလည်း
ဂျလောက်
ဖုန်းပြောနေရင်းတံခါးကိုဖွင့်ပေးလိုက်တော့ အိမ်ရှေ့မှာငူငူကြီးရပ်နေတဲ့ Jungkook..Taehyung ကတော့တံခါးဖွင့်ပေးလိုက်တော့ ဝင်လာမယ်အထင်နဲ့အရှေ့ကနေပြန်လှည့်သွားပေမယ့်အနောက်ကတော့ပါမလာ ..အသံမကြားလို့လှည့်ကြည့်တော့ အိမ်ရှေ့မှာရပ်နေတုန်း
"CEO လာလေ "
" ကိုယ့်ချစ်သူအိမ်ကိုမနက်စောစောမလာရဘူးလား "
Taehyung တယောက်ခုဏသူပြောလိုက်တဲ့စကားကြောင့် စိတ်ဆိုးသွားမှန်းသိတော့မှ ချက်ချင်းပြန်လှည့်လာကာ အိမ်ရှေ့မှာရပ်နေတဲ့ Jungkook ရဲ့ခါးလေးကိုဖက်လိုက်ပြီးရင်ခွင်ထဲကနေခေါင်းလေးမော့ကာ.
" စိတ်ဆိုးသွားတာလား "
" မသိလို့မေးတာလား "
ခါးလေးကိုဖက်လျက်ခြေဖျားလေးထောက်ကာ Jungkook ရဲ့နှုတ်ခမ်းလေးကိုအနမ်းဖွဖွလေးပေးလိုက်တဲ့ Taehyung
ပြွတ်*
"ပြောမိတာကျွန်တော်တောင်းပန်ပါတယ် စိတ်ဆိုးပြေပေးမယ်မဟုတ်လား "
Jungkook မျက်နှာကြီးကမှိုပွင့်ကြီးရလိုက်သလိုပြုံးဖြီးချင်ပေမယ့် ဟန်ကဆောင်ရသေးပြုံးချင်တာကိုအောင့်ထားကာ ခေါင်းတချက်ညိတ်ပြပြီး အိမ်ထဲသို့အရင်ဝင်သွားသည်..
အိမ်ထဲရောက်မှ Taehyung သူ့မျက်နှာကိုမမြင်ရတဲ့အနေအထားရောက်မှသာ မျက်လုံးကိုစုံမှိတ်ကာ ကျေနပ်ပီတိဂွမ်းဆီထိထားကို အလစ်မှာကြိတ်ပျော်နေတော့သည်..
" CEO"
" အင်းပြော "
Taehyung ဘက်လှည့်တော့ချက်ချင်းမျက်နှာကတည်သွားပြန်ကာ
" မနက်စာစားမယ်လေ အဲ့နားမှာရပ်နေမှာလား "
" ဘယ်သူကမနက်စာလာစားတယ်ပြောလို့လည်း ဒီတိုင်းသတိရလို့လာခဲ့တာ "
"ဒါဆိုမစားတော့ဘူးလား ကျွန်တော်ကနှစ်ယောက်စာလုပ်ထားတယ်လေ "
YOU ARE READING
𝙾𝚗𝚕𝚢 𝚄 (Complete)
Fanfiction*သူ့အတွက်တော့ကျွန်တော်ကို မွေးဖွားလာပေးတာက ဆုလဒ်တခုဖြစ်နေခဲ့သည်တဲ့*