မနက်အစောကြီးထကာ ဆေးရုံမှာသန့်ရှင်းရေးအလုပ်လုပ်ရန်ပြင်ဆင်ကာထွက်လာတဲ့ Taehyung. ဆိုလ်းကိုပြန်လာတော့ နေစရာမရှိတာနဲ့ အမေဖြစ်သူနဲ့ပဲ ပြန်နေကာ အရင်လိုပြန်ရှာကျွေးနေသည်ပေါ့..
" မိမိရရ အလုပ်တခုရှာစမ်းပါ တောက်! အရင်လို မိန်းကလေးပြောင်းရင်တောင်လုပ်စားလို့ရနေတာကို စောက်ရေးမပါတာတွေကြောင့် အလကားဖြစ်တယ်"
" ဘယ်လိုအမေ သားက သားဘဝအမှန်နဲ့နေရတာကိုအမေက သဘောမကျဘူးပေါ့ အမေက သားအမေရောဟုတ်ရဲ့လား "
" ငါကနင့်အမေပဲ မြဲမြဲမှတ်ထား"
" အခုလို အမေဖြစ်နေပေးလို့ ကျေးဇူးတင်ပါတယ် "
အမေဖြစ်သူကိုရွဲ့ပြောကာ လွယ်အိတ်ကိုကောက်ဆွဲလို့ထွက်လာခဲ့တဲ့ Taehyung.ဆေးရုံရောက်တော့ ကမန်းကတန်း သန့်ရှင်းရေးအဝတ်အစားလဲကာ Jungkook ရှိရာအခန်းသို့အပြေးလေးတက်လာတော့ အခန်းတခုလုံးက တိတ်ဆိတ်စွာမည်သူမျှရှိမနေ အနားကဖြတ်သွားတဲ့သူနာပြုဆရာမလေးကိုမေးကြည့်မိတော့
"ဆေးရုံဆင်းသွားပြီ "
Tae pov: ကို Tae ကို့ ကိုဘယ်မှာလိုက်ရှာရအုံးမှာလည်း ဟင် ဘာလည်း အကြိမ်ကြိမ်ထွက်ပြေးခဲ့မိတဲ့ Tae အတွက် ကလဲ့စားလား ကို
.....
တလကြာပြီးနောက်
" သားရေ ဆေးသောက်ရအောင် "
"ဟုတ်ကဲ့ အမေ ဒါနဲ့ အမေ ဒီနေ့ seoyoon နဲ့ မဂ်လာဝတ်စုံသွားကြည့်ရမယ်ဆို ညက seoyoon သားစီဖုန်းဆက်တယ် "
" ဟုတ်တယ် သား "
တလဆိုတဲ့ အချိန်တခုမှာ Jungkook ရဲ့အခြေအနေကအားလုံးပြောင်းလည်းသွားခဲ့သည်. သူနားထဲကြားကြားနေတဲ့ အသံလေးကိုလည်း သူမေ့ပျောက်သွားကာ အမေဖြစ်သူရဲ့လှည့်ကွက်တွေထဲလှလှကြီးဝင်သွားတော့သည်...
အရင်တလက
" ဆရာ သားအခြေအနေက "
" လူနာက သူမေ့နေတဲ့အပိုင်းကိုသတိရချင်နေတာပါ လူနာရှင်.. ပြောရရင်မေ့နေတဲ့အပိုင်းနဲ့ တိုက်ဆိုင်တာတွေရှိလာတဲ့အခါ ကြားဘူးနေတာမြင်ဘူးနေတာတွေဖြစ်လာပြီး သတိပြန်ရလာနိုင်တာမျိုးပါ "
YOU ARE READING
𝙾𝚗𝚕𝚢 𝚄 (Complete)
Fanfiction*သူ့အတွက်တော့ကျွန်တော်ကို မွေးဖွားလာပေးတာက ဆုလဒ်တခုဖြစ်နေခဲ့သည်တဲ့*