36

1.6K 134 9
                                    

ဆေးရုံကုတင်ပေါ် သတိပြန်မလည်လာသေးတဲ့ Taehyung..သူ့ရဲ့အနားမှာ ရှိနေတဲ့ ယောက်ကျားသုံးယောက်..တယောက်က ချစ်ရသူ ၊ တယောက်က အကိုဆိုပြီးပြောနေတက်တဲ့ သူငယ်ချင်း ၊ တယောက်က နှစ်ပေါင်း 26 နှစ်တိုင်အောင် တခါမှမမြင်ဘူးတဲ့ အဖေဖြစ်သူ..ထိုသုံးယောက်လုံးက Taehyung သတိရလာဖို့ကို တယောက်တမျိုးဆိုးရိမ်မှုတွေနဲ့ စောင့်နေကြသည်..

" မဂ်လာပါ ပထမဆုံးတွေ့ဖူးခြင်းပါပဲ ကျွန်တော်က Jeon Jungkook လို့ခေါ်ပါတယ် "

" အာ Taehyung ကိုဆိုးရိမ်နေတာနဲ့ မိတ်ဆက်ဖို့မေးနေတာ ငါက Park Jimin.. ဒါက ငါ့အဖေ ဥက္ကဌကြီး Park Wooshin "

" ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ခင်ဗျ "

"မင်းက Jeon Group ကလား ဟိုတနေ့က မဂ်လာဆောင်တဲ့ကောင်လေး ဒီကိုဘာလို့ "

" ဟုတ်ကဲ့ မဂ်လာပွဲကပျက်သွားပါပြီ ကျွန်တော်ကိုယ်တိုင်ဖျတ်ခဲ့တာပါ ... "

ဟုပြောရင်း ကုတင်ရှိရာသိူ့လှမ်းကြည့်ကာ ပြုံးလိုက်ပြီး..

" ကျွန်တော်က Tae ရဲ့ ချစ်သူပါ "

Jimin ကအကြောင်းစုံသိနေတာကြောင့် မအံ့သြသွားပေမယ့် ခုမှ သားဖြစ်သူကိုသိရတဲ့ အဖေဖြစ်သူ ဥက္ကဌကြီး Park ကတော့ အလွန်ပင်အံ့သြနေသလို စိတ်ထဲလည်းဘဝင်မကျမှူကြောင့် မျက်မှောင်လည်းကျုတ်သွားမိသည်..

"အင်း "

" Tae ကို ခုလို သွေးလှူပေးတာကျေးဇူးအများကြီးတင်ပါတယ် Tae မှာ ဦးလေးပေးတဲ့အသက်ပဲရှိတာပါ ကျွန်တော် Tae ကို တောင်းပန်ဖို့အခွင့်အရေးပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် ဦးလေး "

" ငါဘယ်သူလည်း ငါဘာကြောင့် သွေးလှူလည်းဆိုတာမင်းသိလား "

" အဖေ!"

" ဘာဖြစ်လို့လည်း "

ထိုအချိန် ကုတင်ပေါ်ကလှုပ်လှုပ် လှုပ်လှုပ် ဖြစ်လာတာကိုမြင်တော့ အနားသို့ ပြိုင်တူပြေးသွားကြသည်.သတိရလာလာခြင်းမြင်လိုက်ရတဲ့ အမျိုးသားသုံးဦး သုံးဦးစလုံးကို သူ့ကိုဆိုးရိမ်စွာကြည့်နေကြသည်ကိုမြင်တော့ တယောက်မျက်နှာတယောက်ပြီးတယောက်လိုက်ကြည့်ပြီး နောက်ဆုံးမြင်ရတဲ့ သူကိုသူသိမနေ..ထိုလူကြီးကဘယ်သူများလည်းဘာလို့စိတ်ပူနေတာလည်းလို့တွေးလိုက်မိသည် .

𝙾𝚗𝚕𝚢 𝚄 (Complete) Where stories live. Discover now