ညကဘယ်လောက်တောင်အိပ်ပျော်သွားလည်းသူကိုယ်တိုင်တောင်မသိ နိုးလာချိန်မှာတော့ အိပ်ယာပေါ်ကုန်းရုန်းထကာ အခန်းတခုကို မျက်လုံးအဝိုင်းသားနဲ့လျှောက်ကြည့်နေမိချိန် အပြင်ကတံခါးခေါက်သံကြောင့် အိပ်ယာပေါ်က ကမန်း ကတန်းဆင်းလိုက်တာကြောင့် စောင်နဲ့ခြေ ထောက်ညှိကာ ကြမ်းပြင်ပေါ်တုံးလုံးလေးလဲကျလို့သွားသည်..
"အာ့ "
တံခါးခေါက်ပြီးသည်နှင့်တံခါးဖွင့်ကာဝင်လာတဲ့ Jungkook စောင်နဲ့အတူအလုံးလိုက်လေ ကြမ်းပြင်ပေါ်လဲကျနေတဲ့ Taehyung ကိုမြင်တော့ အပြေးလေးသွားကာမပေးလိုက်ပြီး စောင်ကိုဖယ်ပေးလိုက်ချိန်မှာတော့ သူ့ရဲ့အဝတ်အစားကြီးကြီးတွေနဲ့ပါလုံးထွေးနေသည်..
" ဘယ်လိုဖြစ်တာလည်း Tae "
" ဗျာ အဲ့တာ CEO တံခါးခေါက်လို့ကမန်းကတန်းထလိုက်တာ ခြေထောက်ကစောင်နဲ့ညှိပြီး ချော်လဲတာ "
" ဘယ်နားနာသွားသေးလည်း ဟင် လက်နာသွားလား ခြေထောက်ရောနာလား "
တကိုယ်လုံးလက်ကလေးကိုင်လိုက်ခြေထောက်လေးကိုကိုင်လိုက်စိတ်ပူပြီးမေးနေတဲ့ Jungkook..
" ဟင့်အင်းမနာပါဘူး စောင်တွေနဲ့မို့ နည်းနည်းလေးတောင်မနာလိုက်ဘူး "
" တော်သေးတာပေါ့ သွားမျက်နှာသွားသစ် ကိုယ်တို့အပြင်သွားရအောင် ကိုယ် Tae အတွက်အဝတ်အစားတွေမှာထားတယ် ရောက်ခါနီးပြီ မျက်နှာသစ်ပြီး ကြိုက်တာလာထွက်ရွေး လာရင်ကိုယ်လာခေါ်မယ်"
" ဟုတ်"
Taehyung မျက်နှာသစ်ဖို့ရေချိုးခန်းထဲဝင်သွားချိန် Taehyung ခြုံခဲ့တဲ့စောင်လေးကိုခေါက်ကာ ခေါင်းအုံးလေးကိုလည်းသေချာပြန်ချပြီး သက် သက်ရပ်ရပ် အိပ်ယာခင်းလေးကိုလည်း ဖြန့်ကာထားခဲ့သည်.
တင်းတောင်
" ဟုတ်ကဲ့ "
" CEO ရှင့် ကျွန်မတို့ အဝတ်အစားတွေလာပြတာပါရှင့်"
" ကောင်းပြီ ဝင်လာခဲ့ပါ "
အိမ်ထဲသို့ဝင်လာတဲ့ အဝတ်တန်းတွေထဲ အများအပြားချိတ်ထားတဲ့ အဝတ်အထည်များစွာရောက်လာတဲ့ အဝတ်အထည်တွေကိုကြည့်ပြီး Jungkook ခေါင်းတညိတ်ညိတ်ဖြင့်မေးေစ့ကိုလက်ဖြင့်ပွတ်ရင်း
YOU ARE READING
𝙾𝚗𝚕𝚢 𝚄 (Complete)
Fanfiction*သူ့အတွက်တော့ကျွန်တော်ကို မွေးဖွားလာပေးတာက ဆုလဒ်တခုဖြစ်နေခဲ့သည်တဲ့*