" Tae ဘာတဲ့လည်း "
" ကို Ji Jimin ကားမှောက်လို့တဲ့ ခုဆေးရုံကိုသွားရအောင် "
" Tae အဆင်ပြေရဲ့လား "
အအေးအများကြီးမသောက်လိုက်တာကြောင့် ဆေးကနည်းနည်းပဲဝင်တယ်ဆိုပေမယ့် ခုထိတော့ အရမ်းကြီးမသက်သာသေး Taehyung ညင်သာစွာခေါင်းလေးညိတ်ပြလိုက်တော့ လက်မောင်းလေးကိုဆွဲကာ ဆွဲထူပေးတဲ့ Jungkook..
ဆေးရုံရောက်တော့ အဖေဖြစ်သူရယ် Jimin ရဲ့အမေဖြစ်သူ Yujin ခွဲစိတ်ခန်းရှေ့မှာ ရှိနေကြသည်..
"အဖေ အန်တီ ဘယ်လိုဖြစ်တာလည်း "
" ဖျော်ဖြေပွဲကအပြန်ဖြစ်တာသား ကားဘရိတ်ပေါက်ပြီး အရိုန်မထိန်းနိုင်တာတဲ့ သူမန်နေဂျာလည်း အရေးပေါ်ခွဲစိတ်နေရတယ်.."
" Jimin ရော Jimin အခြေအနေကရော "
" မသိသေးဘူးသား "
အဖေဖြစ်သူခေါင်းခါပြလိုက်တော့ သူလည်းဘာမှဆက်မမေးတော့ကာ ထိုင်ခုံမှာထိုင်ကာ တချိန်လုံးငိုနေတဲ့ Jimin အမေဖြစ်သူ Yujin ရှေ့ ဒူးလေးထောက်ကာထိုင်လိုက်ပြီး လက်ကလေးကိုဆုတ်ကိုင်လိုက် ကာ
" ကျွန်တော်လို ကံဆိုးတဲ့သူရောက်လာလို့ ခုလိုတွေဖြစ်ရတာ ကျွန်တော်တောင်းပန်ပါတယ် "
အဖေ " သား Taehyung "
" Jimin က သန်မာတဲ့သူတယောက်ပါ သူဒီနာကျင်မှုတွေကို ကျော်လွှားနိုင်မှာပါ အန်တီ..ပြီးတော့ မငိုပါနဲ့တော့ Jimin လည်းအန်တီငိုနေတာကို စိတ်ကောင်းမှာမဟုတ်ဘူး တောင်းပန်ပါတယ် အရာအားလုံးကကျွန်တော်ကြောင့်ဖြစ်ရတာတွေပါ တောင်းပန်ပါတယ် "
ထိုအချိန် ခွဲစိတ်ခန်းရှိရာပြေးဝင်လာတဲ့ Taehyung ရဲ့အမေဖြစ်သူ shinah..
Jimin ကားမှောက်တယ်ဆိုတဲ့ သတင်းဟာချက်ချင်းဆိုသလိုပျံ့နံ့သွားကာ နိုင်ငံရဲ့ TV channel ပေါင်းစုံကနေအချိန်နဲ့တပြေးညီထုတ်လွှင့်နေကြတာကို shinah တယောက် သိသွားပြီး ချက်ချင်းဆိုသလိုလိုက်လာခဲ့ခြင်းဖြစ်သည်..
shinah " သားလေး သားလေး သားလေး!!"
shinah ရဲ့ သားလေးဆိုတဲ့အသုံးအနှုန်းကြောင့် ခွဲစိတ်ခန်းရှေ့ရှိနေတဲ့ လူလေးယောက် အားလုံးကြောင်ပြီးကြည့်နေမိချိန် Taehyungမှ
YOU ARE READING
𝙾𝚗𝚕𝚢 𝚄 (Complete)
Fanfiction*သူ့အတွက်တော့ကျွန်တော်ကို မွေးဖွားလာပေးတာက ဆုလဒ်တခုဖြစ်နေခဲ့သည်တဲ့*