အပိုင်း -၁၃
အိတုံဘက်မှ စကားပြောစရာမရှိတော့၍ တိတ်ဆိတ်ပြီးငြိမ်သက်နေသည်။သူမ ယခုလိုမျိုး တိတ်ဆိတ်နေခြင်းကိုမကြိုက်။စကားတစ်ခွန်းဖြစ်ဖြစ် စ ချင်သည်။သို့သော် ဘာကြောင့်ရယ်မသိ။ကိုကြီးလင်းအိမ်က သူမကို စိုက်ကြည့်နေသည်ကို မနေတတ်မထိုင်တတ်ရှိနေသည်။တဘက်ခြုံထားသည့်အောက်မှ နှုတ်ခမ်းလေးကိုသာ ကိုက်ထားမိသည်။
"မင်းတို့နှစ်ယောက်က ဒီမှာကိုး....ငါက အောက်ဆင်းပြီးသွားရှာနေတာ...."
"အမလေး...."
နှစ်ယောက်သားတိတ်ဆိတ်နေသည့်အချိန် နောက်ကျောဘက်ဆီမှ အသံဩဩကြောင့် အိတုံ လိပ်ပြာလွင့်မတတ်လန့်သွားသည်။
"ကိုကိုကြီးကလည်း အသံမပေးဘာမပေး...."
"ဟ ဒီလောက် မီးရောင်တွေလင်းထိန်နေတာ....နင်က ဘာကိုလန့်နေတာလဲ...."
"တော်ပြီ အောက်ဆင်းတော့မယ်....ကျုပ်ပြန်ပြီ....."
ကိုကြီးလင်းအိမ်ကို တိုက်ရိုက်မနှုတ်ဆက်သော်လည်း တစ်ချက်မျှဝေ့ကြည့်လျက် သူမ ပြန်လာခဲ့သည်။
💮💮💮💮💮💮💮💮💮💮💮💮
ကောင်မလေးထွက်သွားမှ လင်းအိမ် နောင်ရိုးကိုကြည့်၍ စကားစ၏။
"မင်းက ဘယ်တွေသွားနေတာလဲ...."
"ဟိုကလေးတွေဆီလေ....ဘုန်းကြီးကျောင်းသားတွေ.....သူတို့က လူငယ်သဘာဝလွတ်လွတ်လပ်လပ်နေချင်တာဆိုတော့ ငါတို့အိပ်တဲ့နား မအိပ်ဘူးကွ...."
"ဒီလောက်အေးနေတာ ဘယ်နားသွားအိပ်ကြလဲ....."
"လျှိုထဲသွားအိပ်ကြတာ....ဒီဘုရားအရှေ့ဘက်ကနေဆင်းသွားရင် လျှိုကြီးရှိတယ်....အဲဒီထဲမှာ နွေးမှနွေးပဲ...."
"ဪ...."
"မင်းကိုလည်း သူတို့ဆီလာခဲ့ဖို့ ခေါ်နေကြတာ....အဲဒါကြောင့် ငါ လာရှာတာ....မင်းကဒီမှာ ပေါက်ကျော်မနဲ့ လေးပေးဖြောင့်နေတာကိုး....."
"ငါသိချင်တာလေးတွေ မေးနေလို့ပါ...."
"ကဲ သွားစို့ လာ...."
"သူတို့က သောက်နေကြတာမဟုတ်လား....."
"အရက်မဟုတ်ပါဘူးကွာ ထန်းရည်ပါ......."
YOU ARE READING
တိတ်တခိုးပျိုးတဲ့အချစ်(တိတ္တခိုးပ်ိဳးတဲ့အခ်စ္ ) Complete
Romanceဒီကမ္ဘာကြီးထဲမှာ ကိုယ်နဲ့မသိ မမြင်ဖူးတဲ့လူတစ်ယောက်ကို မှန်းဆမျှော်လင့်ပြီးချစ်နေရတာ.... ကိုယ့်အတွက်သီးသန့်မဟုတ်တဲ့ အချစ်စကားလေးတွေကိုဖတ်နေရတာ..... ကိုယ့်အတွေးထဲမှာ သူ့ကိုပုံသဏ္ဍာန်အမျိုးမျိုးဖော်ကြည့်နေတာ..... ဒီကမာၻႀကီးထဲမွာ ကိုယ္နဲ႔မသိ မျမင္ဖူးတဲ့...