21(Uni/Zaw)

2.3K 119 23
                                    

အပိုင်း -၂၁

အမေက ကန်တော်ကြီးမှပြန်လာပြီးနောက် ပင်ပန်း၍ထင်သည်၊ မွေ့ရာပေါ်မှာလှဲနေ၏။ကိုကိုကြီးက ညနေ ၄ နာရီထိုးလျှင်ပြန်မည်။အိတုံ ကိုကိုကြီးနှင့်ပြန်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါသည်။

"အမေ့....."

အမေက သူမခေါ်နေတာကိုမကြားဘဲ မျက်လုံးမှိတ်ထား၏။

"အမေ့လို့....အိပ်ပျော်သွားပြီလား...."

"မအိပ်ပါဘူး....လမ်းလျှောက်လာတော့ ညောင်းလို့ ခဏလှဲနေတာ...ဘာတုံး...."

"ကိုကိုကြီးပြန်ရင် ကျုပ်တို့လည်း မန္တလေးကိုပြန်လိုက်သွားရအောင် အမေ....."

"ညည်းပဲ မနက်ဖြန်လည်ဦးမှာဆို....."

"ခု မလည်ချင်တော့ဘူးအမေရာ....ပြန်လိုက်ရာအောင်ပါနော် လို့...."

"အဲသာ ဘာဖြစ်ရပြန်တာတုံး...."

အိတုံ မျက်ရည်များကို မျက်တောင်ဖြင့် ပုတ်ခတ်ပုတ်ခတ်လုပ်၍

"ကျုပ် ကျုပ် အဖေ့ကိုလွမ်းလို့ပါ....အိမ်ကိုပဲပြန်ချင်တယ်....အမေရာ နော်...."

"ဟော် ကဲ...ကမလေးကတော့ ကလေးမဟုတ်ဘာမဟုတ် ငိုနေပြန်ပါပြီ...ဖအေကိုလွမ်းတာနဲ့ပဲ ငိုရသလား...."

အမေပြောလေမှ အိတုံမျက်ရည်များကထိန်းမရတော့။လွတ်လွတ်လပ်လပ်စီးကျခွင့်ပြုလိုက်သည်။

"ဟီးးးအီးးး ကျုပ် အိမ်ပြန်ချင်တယ် အမေ အီးးး...."

"အေ မငိုပါနဲ့ဟဲ့...ပြန်တာပေါ့....အမေလည်းပြန်ချင်နေပြီ...ညည်းက လည်ချင်တယ်ဆိုလို့သာ စောင့်နေပေးရတာ...."

"ဒါဆို ကိုကိုကြီးနဲ့ ပြန်လိုက်မယ်နော်....ဟင့်....ရွှတ်...."

အိတုံ မျက်ရည်များကို လက်ခုံနှင့်ခပ်ကြမ်းကြမ်းပွတ်ဆွဲသုတ်၍ ရှိုက်သံနှောပြီး မေးလိုက်သည်။

"အေးပေါ့ လိုက်ကြတာပေါ့....မငိုနဲ့တော့ တိတ်....မျက်နှာလေးဘာလေးသွားသစ်ဦး....သနပ်ခါးတွေပျက်ကုန်ပြီ...."

အမေ့ကိုခေါင်းညိတ်ပြပြီး ရေချိုးခန်းထဲဝင်ခဲ့သည်။ရေချိုးခန်းထဲရောက်လေမှ ပါးစပ်ကိုလက်ဝါးနှင့်အုပ်၍အားရပါးရငိုချမိသည်။နံရံကိုမှီနေခြင်းငှာမစွမ်းသာဘဲ တအိအိနှင့်အောက်ထိုင်ကျသွားသည်။အားရအောင်ငိုပြီးနောက် သူမရှိုက်သံလေးတွေ တဖြည်းဖြည်းစဲသွားပြီ။မျက်နှာမှသနပ်ခါးနှင့်အတူပေလူးနေသည့်ကြေးညှော်များကို ရေနှင့်သန့်စင်လိုက်သည်။

တိတ်တခိုးပျိုးတဲ့အချစ်(တိတ္တခိုးပ်ိဳးတဲ့အခ်စ္ ) Complete Where stories live. Discover now