အပိုင်း -၁၈
"တော်ပါပြီ...ကျုပ် ပလာတူးကားနဲ့ မသွားချင်ဘူး..."
အိတုံ အိမ်ထဲကပလတ်စတစ်ခုံပေါ်မှာထိုင်လျက် လက်နှစ်ဖက်ကိုဒူးကြားညှပ်ထားပြီး နှုတ်ခမ်းကိုတစ်ထောင်လောက် ချွန်ထားသည်။
"ဟဲ့ မသွားချင်လို့ဘယ်ရမလဲ....ပလာတူးကမှ မန္တလေးထိ တိုက်ရိုက်ရောက်တာလေ.....အပို့အကြိုဒုက္ခကင်းတာပေါ့...."
အမေကလည်း နည်းနည်းလေးမှမလျော့။ရေနွေးကြမ်းသောက်ရင်း သူမနှင့်အချေအတင်ဖြစ်နေသည်။သူမတို့ မန္တလေးသွားဖို့ရန်အတွက် ကားစီးမည့်ကိစ္စကို ညှိနေကြခြင်းဖြစ်၏။
"အမေက ပလာတူးအကြောင်းဘာမှမသိဘဲနဲ့...အဲဒီကောင်က လူ့ကန့်လန့်သမား...သူပို့ချင်တဲ့ဟာမတွေကျ အိမ်အထိပို့တယ်....မပို့ချင်ရင် လမ်းတင်ချပစ်တာတော့..."
"ချတော့လည်းဘာဖြစ်တုံးအေ....ဖုန်းရှိနေတာပဲ....ငါ့သားကြီးကို လာခေါ်ခိုင်းမှာပေါ့....."
"အမေကဗျာ.....လှိုင်ရွှေဝါကားနဲ့ပဲသွားရအောင်ပါ...."
"သွားနိုင်ဘူးအေ....လိုင်းကားက ကြာကကြာနဲ့...."
"အဲဒါဆို အမေ့ဘာသာ ပလာတူးကားနဲ့သွား....ကျုပ်က လှိုင်ရွှေဝါပဲစီးမှာ...."
"ဟဲ့ အတူတူသွားမယ့်ကိစ္စကို အဲဒီလိုလုပ်လို့ ဘယ်ဖြစ်မှာလဲအေ့...."
"ဟာ နင်တို့သားအမိတွေ နားကိုညည်းတယ်... ရေဒီယိုနားထောင်တာအေးဆေးနားမထောင်ရဘူး...."
သူမတို့သားအမိ ပူညံပူညံနှင့်ပွက်လောရိုက်နေခြင်းကို အဖေက အပြင်ဘက်အိပ်ရာပေါ်ကနေလှမ်းပြီးအော်လေသည်။နားလည်း ညည်းချင်စရာပင်။သူမဘက်မှအလျော့မပေးသလို အမေကလည်း ပလာတူးမှပလာတူးအသည်းစွဲ။
ပလာတူးဆိုသည့်ကောင်မှာ မြောက်ပိုင်းသားဖြစ်ပြီး Light truck ကားတစ်စီးရှိ၏။ထိုကားနှင့်ပင် မန္တလေးနှင့်စည်တော်ရွာကို နှစ်ရက်ခြားတစ်ခါပြေးဆွဲပေးသည်။မန္တလေးမြို့ပေါ်ရောက်သည့်အခါ သွားချင်သည့်နေရာကို အိမ်တိုက်ရာရောက်လိုက်ပို့ပေး၏။ထို့ကြောင့် တစ်ရွာလုံးသာမက ရွာနီးချုပ်စပ်မှလူများပါ ပလာတူးကားကို အားကိုးကြသည်။သို့သော် ပလာတူးက တစ်ခါတရံ ဖွန်ကြောင်ချင်သည်။ကောင်မလေးအပျိုတွေများပါလာလျှင် လမ်းကြောသင့်သင့်မသင့်သင့် သူတို့ကိုသာဦးစားပေးတတ်သူဖြစ်၍ တချို့လူများနှင့်မတည့်ပေ။သူ စိတ်မထင်လျှင်မထင်သလို လမ်းမှာလည်းချပစ်ခဲ့သည်။
VOCÊ ESTÁ LENDO
တိတ်တခိုးပျိုးတဲ့အချစ်(တိတ္တခိုးပ်ိဳးတဲ့အခ်စ္ ) Complete
Romanceဒီကမ္ဘာကြီးထဲမှာ ကိုယ်နဲ့မသိ မမြင်ဖူးတဲ့လူတစ်ယောက်ကို မှန်းဆမျှော်လင့်ပြီးချစ်နေရတာ.... ကိုယ့်အတွက်သီးသန့်မဟုတ်တဲ့ အချစ်စကားလေးတွေကိုဖတ်နေရတာ..... ကိုယ့်အတွေးထဲမှာ သူ့ကိုပုံသဏ္ဍာန်အမျိုးမျိုးဖော်ကြည့်နေတာ..... ဒီကမာၻႀကီးထဲမွာ ကိုယ္နဲ႔မသိ မျမင္ဖူးတဲ့...