အပိုင်း -၁၆
"ကဲ အိတုံ အဆင်းဆိုတော့ နင်မောင်းရတာအဆင်ပြေမှာပဲ....အတွေ့အကြုံရအောင်မောင်းခဲ့လေ...."
ကိုကိုကြီးစကားကြောင့် ဆိုင်ကယ်နားဝေ့လည်ကြောင်ပတ်ရပ်နေသည့် အိတုံ မျက်လုံးလေးပြူးသွား၏။ခုနလေးကတင် ဘုရားကုန်းပေါ်မှာ ကိုကြီးလင်းအိမ်က သူမကိုတင်ခေါ်မည်ဟုပြောသွားခဲ့သေးသည်။သူမ ကိုကြီးလင်းအိမ်ကိုလှမ်းကြည့်တော့ မလှမ်းမကမ်းမှာဆေးလိပ်သောက်နေ၏။
"ဘာမှမကြောက်နဲ့ငါ့ညီမ...ဖြည်းဖြည်းပဲမောင်း....ငါ့ဆိုင်ကယ်နောက်ကသာ မှေးဆင်းခဲ့...ဂီယာကြီးနဲ့ပဲဆင်းနော်... ဟေ့ကောင်လင်းအိမ် သွားမယ်ဟေ့...."
အိတုံကိုအားပေးရင်း လင်းအိမ်ကိုပါ တစ်ဆက်တည်းလှမ်းခေါ်သည်။
နောင်ရိုးခေါ်သံကြောင့် လင်းအိမ်ဆေးလိပ်သောက်နေရာမှ အတိုအစလေးသာကျန်သည့်ဆေးလိပ်ကို ဖိနပ်နှင့်ဖိခြေနင်း၍ ချာတိတ်မဆိုင်ကယ်ရှိရာဆီထွက်ခဲ့သည်။
"မင်းက ဘယ်သွားမှာလဲ....ငါ့နောက်ကလိုက်လေကွာ....အိတုံက သူ့ဟာသူမောင်းမှာတဲ့...."
"ဟိုလေ...ကိုကိုကြီး....ကျုပ် ကျုပ် ဗိုက်အောင့်နေလို့ ဆိုင်ကယ်မမောင်းတော့ဘူး...."
သူမ မျက်နှာကိုရှုံ့မဲ့၍ ကိုကိုကြီးယုံ
အောင် ဟန်မူရာပိုပိုနှင့်ပြောပြသည်။"ဟ ဘယ်လိုဖြစ်တာလဲ...ခုနကတောင် အကောင်းကြီးပါ....ဓာတ်ပုံရိုက်နေပြီးတော့...."
"ခုမှအောင့်လာတဲ့ဟာကြီးကို....ကျုပ်မမောင်းနိုင်တော့ဘူး....အလာတုန်းကလို ကိုကြီးလင်းအိမ်နောက်ကပဲ လိုက်မယ်...."
"ကျစ် ဗိုက်အောင့်နေတာကို အမေတို့ လှည်းနဲ့လိုက်မသွားဘဲနဲ့...."
"အီး ပြောရင်းနဲ့ ခုကိုပဲအောင့်လာပြီ....နာတယ်တော့...."
သူမ ဗိုက်ကလေးနှိပ်ပြီး မနေနိုင်ဟန်ပြုလျက်ဆောင့်ကြောင့်ထိုင်ချ၏။
နောင်ရိုး တစ်ချက်မျှတွေဝေသွားပြီးနောက်
"ကဲကဲ အဲဒီလိုပဲလုပ်ကြစို့....ရွာမြန်မြန်ရောက်ဖို့လိုတယ်....လင်းအိမ် မင်းအဆင်ပြေရဲ့လား....အိတုံမကို တင်ခေါ်လို့ရလား....."
YOU ARE READING
တိတ်တခိုးပျိုးတဲ့အချစ်(တိတ္တခိုးပ်ိဳးတဲ့အခ်စ္ ) Complete
Romanceဒီကမ္ဘာကြီးထဲမှာ ကိုယ်နဲ့မသိ မမြင်ဖူးတဲ့လူတစ်ယောက်ကို မှန်းဆမျှော်လင့်ပြီးချစ်နေရတာ.... ကိုယ့်အတွက်သီးသန့်မဟုတ်တဲ့ အချစ်စကားလေးတွေကိုဖတ်နေရတာ..... ကိုယ့်အတွေးထဲမှာ သူ့ကိုပုံသဏ္ဍာန်အမျိုးမျိုးဖော်ကြည့်နေတာ..... ဒီကမာၻႀကီးထဲမွာ ကိုယ္နဲ႔မသိ မျမင္ဖူးတဲ့...