အပိုင်း -၇
နေ့လယ် ၁ နာရီလောက်မှာ ကိုကိုကြီးက သူ ရွာရောက်နေပြီဖြစ်ကြောင်း အိတုံဆီဖုန်းဆက်လာသည်။ထိုအချိန်မှစပြီး အိတုံတစ်ယောက် ပြန်ချင်လွန်း၍ ဖင်တကြွကြွဖြစ်နေပြီ။အဖေနှင့်ကိုဇော်ခိုင်ကိုကြည့်တော့လည်း လေပေးဖြောင့်နေကြပြီး တောထဲမှာပဲညအိပ်မည်လားတောင် ထင်ရ၏။သူမ အလုပ်ကိုဆက်ပြီးမလုပ်နိုင်တော့ပေ။စားကျက်လွတ်ထားသည့် နွားနှစ်ကောင်ကိုလိုက်ဆွဲတော့သည်။ဆိတ်တွေကိုလည်း ပြန်ဖမ်းလာပြီ။
ခေါင်းမှာပေါင်းထားသည့်ပုဆိုးကို သေချာပြင်ပေါင်းနေသည့်အိတုံကို ပူစူးမ တအံ့တဩနှင့်လိုက်ကြည့်နေ၏။
"ဟဲ့ အိတုံ...ညည်းက အဲဒါဘာလုပ်နေတာလဲ...."
"ပြန်တော့မယ်တော်ရေ့....ညနေအထိမစောင့်နိုင်တော့ဘူး....အိမ်မှာ ကိုကိုကြီးရောက်နေပြီ....."
"အမလေးအေ....ညည်းနှယ် သည်းရန်ကော...မမြင်ရမတွေ့ရတဲ့ မောင်နှမတွေကျနေတာပဲ...."
ပူးစူးမက မဲ့ရွဲ့ပြီးဆိုသည်ကို အိတုံမှာ တဟီးဟီးရယ်လျက်
"တော့်အမြင်ကတော့ ကျုပ်က ကျုပ်အစ်ကိုကိုလွမ်းလို့ သွားတွေ့တယ်ထင်မှာပေါ့...တကယ်က မဟုတ်ဘူးတော်ရေ့....ကျုပ်အသည်းစွဲ ဆရာ့လက်မှတ်လေးရလာမှာလေ....မြင်ချင်လှပြီ...."
"ရူးပါ့ အိတုံရယ်...."
"အဖေ့ ကျုပ်ပြန်နှင့်ပြီ...နွားနှစ်ကောင်နဲ့ဆိတ်တွေ ဆွဲသွားပြီနော်..."
အိတုံ နွားတွေဆွဲရင်းမှ အဖေ့ကိုလှမ်းအော်ပြီး နှုတ်ဆက်လိုက်သည်။
"ဟ ကမလေးရ...အလုပ်မှမပြီးသေးတဲ့ဟာက...နင့်နှယ်...."
"ဒီနေ့ ဧည့်သည်ရောက်မှာလေအဖေရယ်....အမေတစ်ယောက်တည်း ကသီနေမှာစိုးလို့...ကျုပ်က ကူညာလုပ်ပေးရအောင် စောစောပြန်တာပါ..."
"အေးအေး အဲဒါဆိုလည်း သွားသွား...နင့်နွားတွေ သေချာမောင်းသွားဦး...ဟိုအခင်းဝင် ဒီအခင်းဆွဲလုပ်နေဦးမယ်...."
"ဟုတ်အဖေ...."
အိတုံ တက်ကြွသည့်ခြေလှမ်းများနှင့်ရွာဆီသို့ပြန်လာခဲ့သည်။တကယ်က ဧည့်သည်အတွက် မနက်အစောကြီးကတည်းကမှ သားအမိနှစ်ယောက်သား ပြင်ဆင်ပြီးထားပြီ။ဧည့်သည်က ကိုကိုကြီးနှင့်အတူအိပ်မည်ဆိုလျှင် ကိုကိုကြီးအခန်းထဲမှာပဲသိပ်၍ သီးသန့်အိပ်မည်ဆိုပါက အိမ်ဦးခန်းမှာရှိသည့် ခုတင်ပေါ်မှာသာနေရာပေးဖို့ကို သားအမိနှစ်ယောက်တိုင်ပင်ထားကြသည်။
أنت تقرأ
တိတ်တခိုးပျိုးတဲ့အချစ်(တိတ္တခိုးပ်ိဳးတဲ့အခ်စ္ ) Complete
عاطفيةဒီကမ္ဘာကြီးထဲမှာ ကိုယ်နဲ့မသိ မမြင်ဖူးတဲ့လူတစ်ယောက်ကို မှန်းဆမျှော်လင့်ပြီးချစ်နေရတာ.... ကိုယ့်အတွက်သီးသန့်မဟုတ်တဲ့ အချစ်စကားလေးတွေကိုဖတ်နေရတာ..... ကိုယ့်အတွေးထဲမှာ သူ့ကိုပုံသဏ္ဍာန်အမျိုးမျိုးဖော်ကြည့်နေတာ..... ဒီကမာၻႀကီးထဲမွာ ကိုယ္နဲ႔မသိ မျမင္ဖူးတဲ့...