အပိုင်း -၁၀
နောင်ရိုးတို့အိမ်ကနေ ရွာလမ်းမကြီးတစ်လျှောက်မောင်းလာစဉ် တဖြည်းဖြည်းနှင့်ရွာအနောက်ပိုင်းသို့ရောက်လာသည်။နောင်ရိုးကတော့ ဒီရွာမှာမွေး ဒီရွာမှာကြီးလာသည့်သူဖြစ်၍ သဲဖုတ်တောလမ်းကို အခက်အခဲမရှိမောင်းနိုင်သည်။သူသာဆိုလျှင် ဒီလိုလမ်းမျိုး ဆိုင်ကယ်မောင်းနိုင်မည်မထင်။ခြေတံရှည်သူမို့သာ မလဲချင်မလဲမည်။ဆိုင်ကယ်ကတော့ သဲထဲဝပ်ပြီးလည်ထွက်နေမည်မှာသေချာသည်။တချို့လမ်းသွားလမ်းလာများက သူ့ကို ကွက်ကြည့်ကွက်ကြည့်လုပ်သွားကြ၏။ဒီရွာသားမဟုတ်သည့်သူ့ကို သတိထားမိတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
"ရှေ့နားဆို ချောင်းရောက်ပြီ...ချောင်းထဲဖြတ်ရင် မင်းလမ်းဆင်းလျှောက်လို့ရလား...."
ရှေ့မှနောင်ရိုးမေးသံကြောင့် သူ့အတွေးတွေကို ပြန်စုလိုက်၏။
"ရေက နက်လား...."
"မနက်ပါဘူးကွာ...ခြေမျက်စိသာသာပဲရှိတာ...ငါဆိုင်ကယ်နဲ့ဖြတ်မောင်းရင် သဲထဲရုန်းရမှာဆိုတော့ မင်းကိုရေစင်မှာစိုးလို့...."
"ရတယ်....ငါ ဆင်းလျှောက်မယ်...."
သူနှင့်နောင်ရိုး အပြန်အလှန်ပြောနေစဉ်မှာပဲ ဆိုင်ကယ်သံတဖုန်းဖုန်းနှင့်အတူ သူတို့နှစ်ယောက်အနား ဖုန်လုံးကြီးကဝေ့ကျန်ခဲ့သည်။သူတောင် နည်းနည်းအသက်ရှုပ်ကျပ်သလိုဖြစ်သွား၏။
"ဟားးးအိတုံမ သောက်ကျင့်ပုပ်ပြီး တရကြမ်းကျော်တက်တာ ဖုတ်တွေကိုလုံးနေတာပဲ...."
နောင်ရိုးအသံကြောင့် ဖုန်ဝင်သွားသည့်မျက်လုံးကိုပွတ်သပ်ရင်းမှ ရှေ့သို့လှမ်းမျှော်ကြည့်၏။သဲမှုန့်၊ဖုန်မှုန်များကြားမှ သူတို့ရှေ့မှာမောင်းနေသည့် ချာတိတ်မနှင့်အမျိုးသမီးတစ်ယောက်။မြို့ပေါ်မိန်းကလေးများ ဆိုင်ကယ်စီးကျွမ်းတာကို သူမြင်ဖူးသည်။ဒီချာတိတ်မမောင်းပုံကိုသာ ခေါ်ပြချင်သေး၏။ဆိုင်ကယ်မောင်းတာလား မြင်းစီးတာလား သူ့မှာ
မသဲကွဲပေ။သူတို့နှစ်ယောက် ချောင်းနားသို့အရောက်မှာ ကောင်မလေးနှစ်ယောက်က သူတို့ကိုရပ်စောင့်နေသည်။ချောင်းရေမှာကြည်လင်နေပြီး ရေအနက်ကခြေမျက်စိသာသာရှိသည်။ချောင်းရေ၏ကြည်လင်မှုက ရေအစပ်မှကျောက်စရစ်ခဲများနှင့် ထိုမှအလွန်တွင်သဲများကိုတောင် အတိုင်းသားမြင်နေရသည်။တသွင်သွင်စီးနေသည့်ချောင်းကိုမြင်ရ၍ သူ့စိတ်မှာ အနည်းငယ် ကြည်လင်လန်းဆန်းလာသည်။
CZYTASZ
တိတ်တခိုးပျိုးတဲ့အချစ်(တိတ္တခိုးပ်ိဳးတဲ့အခ်စ္ ) Complete
Romansဒီကမ္ဘာကြီးထဲမှာ ကိုယ်နဲ့မသိ မမြင်ဖူးတဲ့လူတစ်ယောက်ကို မှန်းဆမျှော်လင့်ပြီးချစ်နေရတာ.... ကိုယ့်အတွက်သီးသန့်မဟုတ်တဲ့ အချစ်စကားလေးတွေကိုဖတ်နေရတာ..... ကိုယ့်အတွေးထဲမှာ သူ့ကိုပုံသဏ္ဍာန်အမျိုးမျိုးဖော်ကြည့်နေတာ..... ဒီကမာၻႀကီးထဲမွာ ကိုယ္နဲ႔မသိ မျမင္ဖူးတဲ့...