14(Uni/Zaw)

2K 87 12
                                    

အပိုင်း -၁၄

၈ နာရီနောက်ပိုင်းခန့်မှစ၍ တစ်ယောက်စ နှစ်ယောက်စ တောင်ပေါ်တက်လာကြသည်။အရင်ဆုံးရောက်လာကြသူများက ကွမ်းယာသည်၊အကြော်သည်နှင့် မုန့်မျိုးစုံအသည်များပင်။ဆိုင်ကယ်နောက်မှာ ပစ္စည်းပစ္စယများကိုတုပ်နှောင်လျက် တဝေါဝေါနှင့်တက်လာသည့်ဆိုင်ကယ်သံများမှာ ရှေ့ဆင့်နောက်ဆင့်ဖြစ်သည်။

ကန်ပေါင်ဘေးနားတဝိုက်တွင် ဦးသူနေရာယူကြ၏။တချို့ကလေးလေးများ ပြေးလွှားတက်လာကြသည်။ခွေးအချို့ပါ တောင်ပေါ်ရောက်လာ၏။သခင်နှင့်အတူပါလာပုံရသည်။အချို့အမျိုးသမီးများက ငွေဖလားများကိုခေါင်းပေါ်ရွက်လျက် ထဘီကို မ ကာ မ ကာ နှင့်တရွေ့ရွေ့တက်လာကြသည်။နံနက်အစောပိုင်းက အေးချမ်းတိတ်ဆိတ်သည့်တောင်ပေါ်တွင် လူသံများ၊ကားသံများ၊ဆိုင်ကယ်သံများဖြင့် တစ်မုဟုတ်ချင်းဆူညံသွား၏။ထော်လာဂျီနှင့်လာကြသူများလည်းရှိသည်။ပင့်လျှောက်ထားသည့်ဘုန်းကြီးများမှာလည်း အလျှိုအလျှိုနှင့်တက်လာကြပြီ။

ချာတိတ်မတို့အမျိုးသမီးတသိုက်လည်းအလုပ်ရှုပ်နေ၏။သူနှင့်နောင်ရိုးသာ ဘာလုပ်လို့လုပ်ရမည်မသိ။ငေါင်စင်းစင်းဖြစ်နေသည်။ကူညာလုပ်ကိုင်ပေးရအောင်လည်း သူ့တာဝန်နှင့်သူကွက်တိ။ကန်ပေါင်တဝိုက်၊ ဘုရားပေါ်တဝိုက်ရှိလူများမှာ သူ့အစုနှင့်သူ ရှိနေကြသည်။

"လင်းအိမ် ပျင်းနေပြီလား...."

"မပျင်းပါဘူး....ငါ့အတွက်တော့ စိတ်ဝင်စားစရာချည်းပဲ....."

နောင်ရိုးနှင့်လင်းအိမ် ကန်ပေါင်မှာထိုင်လျက် စကားစမြည်ပြောဆိုနေကြ၏။ချာတိတ်မက သူ့မူပိုင်လွယ်အိတ်လေးလွယ်လျက် ကိုရင်လေးနှင့်သီလရှင်များကိုဆွမ်းကပ်သည့်နေရာမှာ အလုပ်ရှုပ်နေသည်။လူကြီးများက ဘုန်းကြီးများကို သီးသန့်ဆွမ်းကပ်ကြသည်။

"ဟေးးးကိုမြင့်ရွှေကားလာပြီဟေ့..."

"ဟုတ်လား နေရာဦးထား...."

"ပြေး‌ဟ ငါ ဗိုက်ဆာနေပြီ...."

ကလေးများ၏တဝုန်းဝုန်းပြေးသံ၊လူကြီးများ၏ သူ့ထက်ငါဦးအောင်ပြေးသံများဖြင့် ဆူညံသွားသည်။အမျိုးသမီးများမှာလည်း ထဘီစွန်တောင်ဆွဲလျက် သူနှင့်နောင်ရိုးဘေးကနေ ပြေးကြသည်။သူတို့ပြေးသွားရာဆီကြည့်မိတော့ အဆောက်အဦနားက မြေကွက်လပ်ဆီ။ဟိုးခပ်ဝေးဝေးဆီမှ လီဗာညှစ်ပြီးအားစိုက်ရုန်းနေသည့် ကားတစ်စီးအသံကိုကြားရပြန်သည်။

တိတ်တခိုးပျိုးတဲ့အချစ်(တိတ္တခိုးပ်ိဳးတဲ့အခ်စ္ ) Complete Donde viven las historias. Descúbrelo ahora