အပိုင်း -၂၀
*အွတ်....
အိတုံမှာ အွတ်ခနဲဖြစ်သွားပြီး အီစလံဝေသွား၏။သူမ လဲကျပြီမှန်း ကိုယ့်ကိုယ်ကိုယ်သိလိုက်သည်။ရုပ်ရှင်တွေထဲကလို မင်းသမီးလဲကျလျှင် မင်းသားကဖမ်းပေးမည်အထင်နှင့် သူမလည်းမျက်လုံးလေးမှိတ်ထား၏။သို့သော် အထင်နှင့်အမြင်မှာ တက်တက်စင်အောင်လွဲလေပြီ။အိတုံ မှောက်ခုံလဲကျလျက်နှင့်မထသေးဘဲ နဂါးမျက်စောင်းဖြင့်ကိုကြီးကိုလှမ်းကြည့်၏။သူ့ပုံစံမှာ လက်ပိုက်ပြီးစိတ်အေးလက်အေးနှင့်သူမကိုကြည့်နေသည်မို့ ပိုလို့တောင်စိတ်တိုသွားသည်။
"ဘာကြည့်နေတာလဲ လာထူလေ....."
"မထနိုင်ဘူးလား...."
"ထတော့ထနိုင်တာပေါ့....ကောင်မလေးကလဲကျရင် ကောင်လေးကထူရမယ်ဆိုတာမသိဘူးလား....."
"အသက်နဲ့အဝေးကြီးပဲလေ....ကိုယ့်အားကိုယ်ကိုးမှတိုးတက်မှာ....."
"ဟာ....လာမထူဘဲနဲ့ တရားတောင်ဟောနေသေးတယ်....တော်ကြီးတော့နော်....ကျုပ် စိတ်တိုလာပြီ...."
အိတုံလက်နှစ်ဖက်ကိုအားပြု၍ ထရပ်၏။ခါးထောက်ပြီး သူ့ကိုစူးစူးဝါးဝါးစိုက်ကြည့်သည်။မုန့်စားဖို့လည်းသတိမရနိုင်။ကိုကာကိုလာလည်းမသောက်ချင်တော့။
"ရော့ ဒီမှာအာလူးကြော်...."
ကိုကြီးလင်းအိမ်မှာ မျက်နှာပြောင်တိုက်စွာနှင့် သူမကိုအာလူးကြော်ထုပ် လာကမ်းပေးသည်။
"တော်ပြီမစားတော့ဘူး..."
"ဘာလို့လဲ...."
"တော်တကယ်ပဲ အ ချင်ယောင်ဆောင်နေတာလား....ဒီမှာကျုပ် စိတ်တိုနေတာလေ...."
"တိုတာလည်းတိုပေါ့....စားစရာရှိတာကိုစားရမှာပဲ....ရော့ ဒါယူထား.....ကိုလာသွားယူပေးမယ်...."
အိတုံ အာလူးကြော်ထုပ်ကို ဆတ်ခနဲဆောင့်ဆွဲ၍ ဘောက်ဆတ်ဘောက်ဆတ်နှင့်ခုံပေါ်သွားထိုင်သည်။မုန့်ထုပ်ကိုဖွင့်ပြီး အာလူးကြော်ကိုအရသာခံစားနေ၏။ပါးစပ်ထဲမုန့်ဝင်သွားသည့်နောက်မှာ သူ့ကိုဒေါသဖြစ်နေတာတွေ မေ့သွားသည်။
"ရှူးးးစပ်လိုက်တာ ကိုလာ....ကိုလာ...."
အိတုံ နှုတ်ခမ်းကိုချွန်နေအောင်ထော်၍ တရှူးရှူးနှင့်အော်ရင်း လက်ကလည်း ကိုလာဘူးကိုလှမ်းနေ၏။
VOUS LISEZ
တိတ်တခိုးပျိုးတဲ့အချစ်(တိတ္တခိုးပ်ိဳးတဲ့အခ်စ္ ) Complete
Roman d'amourဒီကမ္ဘာကြီးထဲမှာ ကိုယ်နဲ့မသိ မမြင်ဖူးတဲ့လူတစ်ယောက်ကို မှန်းဆမျှော်လင့်ပြီးချစ်နေရတာ.... ကိုယ့်အတွက်သီးသန့်မဟုတ်တဲ့ အချစ်စကားလေးတွေကိုဖတ်နေရတာ..... ကိုယ့်အတွေးထဲမှာ သူ့ကိုပုံသဏ္ဍာန်အမျိုးမျိုးဖော်ကြည့်နေတာ..... ဒီကမာၻႀကီးထဲမွာ ကိုယ္နဲ႔မသိ မျမင္ဖူးတဲ့...