အပိုင်း -၆
အိတုံ ရွာမြောက်ပိုင်းသွားရန်အတွက် မပူစူးမကိုအဖော်အဖြစ်သွားခေါ်တော့ သူမက လိုလိုလားလားပဲလိုက်လာသည်။
"ဟဲ့ အိတုံ ငါ့ဆိုင်ကယ်ယူခဲ့ရမလား..."
"ယူမနေနဲ့...ကျုပ်တို့ (ဘုန်းကြီးကျောင်း)ဘုန်းကျောင်းထဲကဖြတ်သွားရအောင်....."
"အေးလေ...အဲဒါက သာတောင်နီးသေး...."
ဤသို့ဖြင့် နှစ်ယောက်သား ခြေလျင်ထွက်လာခဲ့ကြသည်။အိတုံတို့နေတာက တောင်ပိုင်းအရပ်ဖြစ်ပြီး အမေသွားခိုင်းသည့် ဆရာမကြီးဆေးဆိုင်မှာ မြောက်ပိုင်းအရပ်ဖြစ်သည်။ဆရာမကြီးမှာ တစ်ကိုယ်တည်းနေသည့်ပင်စင်စားသူနာပြုဆရာမကြီးဖြစ်သည့်အပြင် တစ်ရွာလုံး၏အားကိုးရာလည်းဖြစ်သည်။သာမန်ကာလျှံကာ နှာစေးခေါင်းကိုက်ကတော့ ဆရာမကြီးဆေးနှင့်ပင်ပျောက်ကြသည်ကများ၏။
ရွာမှာ ကျေးရွာဆေးပေးခန်းရှိပြီး အစိုးရမှခန့်အပ်ထားသည့် သူနာပြုဆရာမ မလှဥလည်းရှိသည်။အမေတို့လိုလူကြီးများကတော့ မြောက်ပိုင်းမှဆရာမကြီးဆေးနှင့်သာ ပြီးခဲ့သည်ကများ၍ တော်ရုံတန်ရုံဆို ဆရာမမလှဥဆီဆေးသွားထိုးဖို့ မရဲကြပေ။
အိတုံတို့ရွာတွင် မိန်းလမ်းမကြီးနှစ်လမ်းရှိသည်။ရွာထိပ်မှနေ၍ တောင်ပိုင်းတစ်လမ်း၊ မြောက်ပိုင်းတစ်လမ်းကွဲထွက်သွားပြီး ရွာ့အနောက်ဖျားမှာ ပြန်ဆုံသည်။မြောက်ပိုင်းလမ်းမကြီးဘေးတွင် မြောက်ကျောင်းရှိသလို တောင်ပိုင်းလမ်းမကြီးဘေးမှာလည်း တောင်ကျောင်းရှိသည်။ထိုဘုန်းကြီးကျောင်းနှစ်ကျောင်းမှာ အတွင်းထဲတွင်တစ်ဆက်တည်းဖြစ်ပြီးဘုန်းကြီးကျောင်းဝင်းထဲမှနေ၍ အလွယ်တကူ ကူးချည်သန်းချည်လုပ်နိုင်သည်။သို့သော် ဆိုင်ကယ်နှင့်ဖြတ်သန်းခွင့်တော့မပြုပေ။ခြေလျင်သာသွားခွင့်ရှိသည်။
အိတုံတို့အိမ်မှနေ၍ တောင်ကျောင်းအပေါက်ဝမှဝင်သွားလျှင် မြောက်ကျောင်းအပေါက်ဝမှာ ဆရာမကြီးအိမ်ရှိသည့်အတွက်ဘုန်းကြီးကျောင်းဝင်းထဲမှသွားခြင်းက ပို၍နီးသည်။ဆိုင်ကယ်နှင့်သွားမည်ဆိုပါက ရွာလမ်းမတစ်လျှောက် ပတ်မောင်းရပေမည်။
ESTÁS LEYENDO
တိတ်တခိုးပျိုးတဲ့အချစ်(တိတ္တခိုးပ်ိဳးတဲ့အခ်စ္ ) Complete
Romanceဒီကမ္ဘာကြီးထဲမှာ ကိုယ်နဲ့မသိ မမြင်ဖူးတဲ့လူတစ်ယောက်ကို မှန်းဆမျှော်လင့်ပြီးချစ်နေရတာ.... ကိုယ့်အတွက်သီးသန့်မဟုတ်တဲ့ အချစ်စကားလေးတွေကိုဖတ်နေရတာ..... ကိုယ့်အတွေးထဲမှာ သူ့ကိုပုံသဏ္ဍာန်အမျိုးမျိုးဖော်ကြည့်နေတာ..... ဒီကမာၻႀကီးထဲမွာ ကိုယ္နဲ႔မသိ မျမင္ဖူးတဲ့...