အပိုင်း -၄
ဒီနေ့ အိတုံတို့ဘုရားဖူးအဖွဲ့ ပုဂံကိုပထမဦးဆုံးရောက်သည့်နေ့ဖြစ်သည်။ကိုယ့်ရွာကျောင်းမှဆရာတော်၏အဆက်အသွယ်ဖြင့် ဘုန်းကြီးကျောင်းမှာ တည်းခွင့်ရကြသည်။အိတုံအထင်က မြို့မှလာသည့် ဘုရားဖူးများမှာ ဈေးမြင့်ဟိုတယ်တွေမှာသာ တည်းသည်ထင်ခဲ့သည်။သို့သော် အိတုံတို့အဖွဲ့ ဘုန်းဘုန်းကျောင်းရောက်သွားချိန်တွင် ဘုရားဖူးလာဧည့်သည်များမှာ မရေတွက်နိုင်အောင် များပြားလှသည်။
အိတုံတို့ရွာက မိုးဦးနှမ်းစိုက်တာဖြစ်ပြီး စက်တင်ဘာလမိုးလယ်လောက်မှာ နှမ်းတွေရိတ်၍ ရောင်းချကြသည်။ထို့ကြောင့် ငွေလည်းရွှင်နေ၏။ရွာမှ ထွက်လာစဉ်က မိုးလေးတဖျောက်နှစ်ဖျောက်ကျသော်လည်း ပုဂံဝင်ခါနီးမှာမိုးတိတ်သွားသည်။ဘုန်းကြီးကျောင်းသို့သာတန်းလာခဲ့ကြပြီး ဆရာတော်ကိုဝတ်ဖြည့်၍ နေရာထိုင်ခင်းစီစဉ်နေရတာနှင့် ဘယ်မှမသွားဖြစ်ကြသေးပေ။
နောက်တစ်နေ့မနက်မှ ဘုရားဖူးခြင်းအစီအစဉ်စကြမည်။'အနုမှာ အာန္ဒာ၊ အလှမှာ ရွှေစည်းခုံ၊ထုမှာ ဓမ္မရံ၊ ဉာဏ်တော်မှာ သဗ္ဗုညု'ဆိုသည့်စကားအတိုင်း အခုလည်းပဲ ညချမ်းအချိန်ခါသမယမှာ အိတုံတို့တတွေ ရွှေစည်းခုံစေတီတော်မြတ်ကြီးကို လာရောက်ဖူးမြော်ခြင်းဖြစ်သည်။
"ဟဲ့ အိတုံ ဘာတွေဖြစ်နေတာလဲ...."
ဘုတ်ကြီးက အိတုံအနားကပ်လာပြီး လက်ကိုကုတ်၍ တီးတိုးမေးလေမှ အိတုံသတိဝင်လာသည်။အိတုံစိတ်ကူးက ရှေ့မှလူကို ရန်ထောင်မည့်အစီအစဉ်။
သို့သော် လင်းထိန်နေသည့် လျှပ်စစ်မီးအလင်းရောင်နှင့်အပြိုင် ထိုလူ့မျက်နှာမှချောမွေ့ခြင်းတွေက ထင်းလင်းနေသည်။လူပုံသဏ္ဍာန်က ပိန်သည့်ဘက်ကိုလုပေမဲ့ ဟူဒီလက်ရှည်အနီရောင်နှင့်ဂျင်းဘောင်းဘီကိုဝတ်ဆင်ထား၍ ပိန်တာက မသိသာလှပေ။မျက်နှာကျပုံမှာတည်ကြည်လွန်းပြီး အထူးသဖြင့် ထိုလူ၏မျက်ခုံးမျက်လုံးများက ကပြားမှန်းသိသာလှသည်။ကပြားတွေချောပြီဆို ဗမာတွေတောင်ယှဥ်လို့မရတာ သိပ်မှန်လွန်း၏။အိတုံ၏ရန်စကားတွေမှာ ထိုလူ၏တည်ကြည်ခံ့ညားခြင်းအောက်မှာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပြီ။
VOUS LISEZ
တိတ်တခိုးပျိုးတဲ့အချစ်(တိတ္တခိုးပ်ိဳးတဲ့အခ်စ္ ) Complete
Roman d'amourဒီကမ္ဘာကြီးထဲမှာ ကိုယ်နဲ့မသိ မမြင်ဖူးတဲ့လူတစ်ယောက်ကို မှန်းဆမျှော်လင့်ပြီးချစ်နေရတာ.... ကိုယ့်အတွက်သီးသန့်မဟုတ်တဲ့ အချစ်စကားလေးတွေကိုဖတ်နေရတာ..... ကိုယ့်အတွေးထဲမှာ သူ့ကိုပုံသဏ္ဍာန်အမျိုးမျိုးဖော်ကြည့်နေတာ..... ဒီကမာၻႀကီးထဲမွာ ကိုယ္နဲ႔မသိ မျမင္ဖူးတဲ့...