အပိုင်း - ၁၉
အိတုံတစ်ယောက် ရေချိုးပြီး သနပ်ခါးကိုဖွေးမှုန်နေအောင်လူး၍ အိမ်အပေါက်ဝမှာလည်တဆန့်ဆန့်ဖြစ်နေ၏။ယနေ့ညနေတွင် ကိုကြီးလင်းအိမ်က သူမတို့ကိုလာခေါ်မည်ဖြစ်၍ ပိုမျှော်နေရသည်။
ကိုကိုကြီးအားသည့်ရက်အထိစောင့်နေခဲ့သဖြင့် ပြင်ဦးလွင်တက်ဖို့ရန်အတွက် သောကြာနေ့အထိရောက်သွားခဲ့သည်။ကိုကိုကြီး၏အလုပ်မှာ စနေ၊တနင်္ဂနွေပိတ်သည့်အတွက် သောကြာနေ့ညနေမှာ ပြင်ဦးလွင်သို့တက်ကြမည်။ကိုကြီးလင်းအိမ်၏အိမ်မှာ ညအိပ်တည်းကြမည်။အိတုံဘက်မှ ဘာတစ်ခုမှကိုအားစိုက်ထုတ်ပြီးမကြိုးပမ်းလိုက်ရပေ။သူတို့နှစ်ယောက်၏အစီအစဉ်မှာ သူမအတွက် လိုသည်ထက်တောင် ပြီးပြည့်စုံလွန်းနေသည်။
သူမအတွက် တစ်ခုပဲစိတ်ညစ်ခဲ့ရပါသည်။
မန္တလေးမြို့တွင်းလည်ပတ်ချိန်တွင် ကိုကိုကြီးမှာခွင့်မရဟုဆို၍ အိတုံတို့သားအမိနှစ်ယောက်တည်းသာ မီနီအိုးဝေငှားပြီးသွားရသည်။မဟာမြတ်မုနိဘုရားကြီးကို ပထမဆုံးသွားဖူး၍ ဒုတိယအနေနှင့် မန္တလေးတောင်သို့တက်ကြ၏။ထိုမှတစ်ဆင့် မန္တလေးတောင်အနီးရှိကျောက်တော်ကြီးဘုရားသို့ ဝင်ဖူးခဲ့ပြန်သည်။နောက်ဆုံးပိတ် ရွှေဆိုင်ကိုဝင်ပြီးပြန်ချိန်မှာ ညနေစောင်းသွားပြီ။
ကိုကိုကြီး၏အိမ်မှာ တစ်ရက်အချိန်ဖြုန်းပြီးနောက် ပြင်ဦးလွင်သို့တက်ကြတော့မည်။လာသူကလာနေပြီဖြစ်ကြောင်း စာပို့ထားပေမဲ့ မျှော်သူမှာ မောရပါသည်။
*တီ တီ တီ......
အိမ်ရှေ့မှဟွန်းသံကြောင့် အိတုံ အခန်းထဲမှ အလျင်အမြန်ပြေးထွက်ခဲ့သည်။
"ဟ ဖွေးလို့မှုန်လို့ပါလား....ငါ့ကိုမျှော်နေတာလား....."
*ဟင့်....
ဆိုင်ကယ်ဦးထုပ်ချွတ်နေသည့်ကိုကိုကြီးကိုမြင်ပြီး အိတုံမျက်နှာလေးရှုံ့မဲ့သွား၏။
"ကိုကြီးလင်းအိမ်မရောက်သေးဘူး...၅ နာရီတောင်ခွဲနေပြီ...."
"လာမှာပေါ့ဟ...ကိုယ်ပိုင်ကားနဲ့ပဲ...ဘယ်အချိန်လာလာပေါ့..."
![](https://img.wattpad.com/cover/367106728-288-k121392.jpg)
DU LIEST GERADE
တိတ်တခိုးပျိုးတဲ့အချစ်(တိတ္တခိုးပ်ိဳးတဲ့အခ်စ္ ) Complete
Romantikဒီကမ္ဘာကြီးထဲမှာ ကိုယ်နဲ့မသိ မမြင်ဖူးတဲ့လူတစ်ယောက်ကို မှန်းဆမျှော်လင့်ပြီးချစ်နေရတာ.... ကိုယ့်အတွက်သီးသန့်မဟုတ်တဲ့ အချစ်စကားလေးတွေကိုဖတ်နေရတာ..... ကိုယ့်အတွေးထဲမှာ သူ့ကိုပုံသဏ္ဍာန်အမျိုးမျိုးဖော်ကြည့်နေတာ..... ဒီကမာၻႀကီးထဲမွာ ကိုယ္နဲ႔မသိ မျမင္ဖူးတဲ့...