အပိုင်း -၅
လင်းအိမ် မန္တလေးကိုရောက်တော့ နံနက်ခြောက်နာရီရှိပြီ။လမ်းမပေါ်တွင်လမ်းလျှောက်ကြသူများ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်နေသူများကြောင့်
ဒီဇင်ဘာလ၏ မန္တလေးဆောင်းပုံရိပ်က သိသာထင်ရှားလှသည်။မနေ့ညတုန်းကနောင်ရိုးနှင့်လက်ဖက်ရည်ဆိုင်မှာတွေ့ဆုံရန် ချိန်းဆိုထားခဲ့သည်။ထိုဆိုင်သို့သာ သူတန်းတန်းမတ်မတ်မောင်းလာခဲ့၏။ဆိုင်ရှေ့အရောက်မှာ ကားရပ်ရန်နေရာကို မျက်လုံးဝေ့ကစားသည်။ထို့နောက် ကားကိုစနစ်တကျပါကင်ထိုးခဲ့ပြီး ဆိုင်ထဲအထိဝင်မနေဘဲ အပြင်ဝိုင်းမှာသာထိုင်သည်။ဒါမှသာ နောင်ရိုးလာပါက သူ့ကိုအလွယ်တကူလှမ်းမြင်နိုင်မည်။မန္တလေးသူ/သားများအများစုမှာ အနွေးထည်ထူထူထဲထဲဝတ်၍ ခေါင်းစွပ်များ၊အနွေးဘောင်းဘီများဖြင့် မန္တလေးဆောင်းကို ဟန်တုနေဟန်ရှိသည်။သူ့အဖို့ကတော့ ပြင်ဦးလွင်သားဖြစ်၍ မန္တလေး၏ဒီဇင်ဘာဆောင်းကတော့ နေလို့ထိုင်လို့အဆင်ပြေရုံသာ။
"ဘာမှာမလဲ အစ်ကို...."
ဝိတ်တာလေးက သူ့ဘေးနားလာရပ်ပြီးမေး၏။
"နှပ်ကော်ဖီခါးခါးတစ်ခွက်....."
တစ်ညလုံးကားမောင်းလာ၍ လူကလည်းပင်ပန်းနွမ်းနယ်နေသဖြင့် ကော်ဖီပြင်းပြင်းတစ်ခွက်သာ မှာလိုက်သည်။
"ဒါပဲလားဗျ....."
"အေး....."
ဝိတ်တာလေးထွက်သွားပြီးနောက်မှာ သူ ဖုန်းထုတ်၍ နောင်ရိုးဆီသို့ သူရောက်နေပြီဖြစ်ကြောင်းစာပို့လိုက်သည်။သူ ပုဂံမှာ တစ်လနီးပါးကြာခဲ့ပြီး ပြင်ဦးလွင်အိမ်သို့ပြန်၍ အိမ်တွင်းအောင်းပြီး စာရေးခဲ့သည်။စာအုပ်ထုတ်ဝေသည့်နေ့က မန္တလေးကိုတစ်ခေါက်သာရောက်ပြီး အယ်ဒီတာနှင့်တွေ့ဆုံခဲ့ပြီးနောက်မှာ အိမ်ထဲမှာသာနေဖြစ်ခဲ့သည်။
မိုးလေကင်းလွတ်ပြီး ဆောင်းဝင်စမှာ ချင်းပြည်နယ် ဝိတိုရိယတောင်သို့ ခရီးထွက်ခဲ့ပြန်သည်။သူ့အတွက်က အပျော်ခရီးသွားခြင်းမဟုတ်။ဒေသန္တရဗဟုသုတရှားမှီးရန်နှင့် နောက်ထပ်သူရေးမည့်ဝတ္ထုတွင် ထည့်သွင်းရမည့်အချက်အလက်များကို သဘာဝကျစေချင်သည့်အတွက် ကုန်ကြမ်းရှာဖွေဖို့ သွားခဲ့ခြင်းဖြစ်သည်။
ESTÁS LEYENDO
တိတ်တခိုးပျိုးတဲ့အချစ်(တိတ္တခိုးပ်ိဳးတဲ့အခ်စ္ ) Complete
Romanceဒီကမ္ဘာကြီးထဲမှာ ကိုယ်နဲ့မသိ မမြင်ဖူးတဲ့လူတစ်ယောက်ကို မှန်းဆမျှော်လင့်ပြီးချစ်နေရတာ.... ကိုယ့်အတွက်သီးသန့်မဟုတ်တဲ့ အချစ်စကားလေးတွေကိုဖတ်နေရတာ..... ကိုယ့်အတွေးထဲမှာ သူ့ကိုပုံသဏ္ဍာန်အမျိုးမျိုးဖော်ကြည့်နေတာ..... ဒီကမာၻႀကီးထဲမွာ ကိုယ္နဲ႔မသိ မျမင္ဖူးတဲ့...