24(Uni/Zaw)

2.7K 144 29
                                    

အပိုင်း -၂၄

ဒေါ်ဖွားချယ်တစ်ယောက် မီးဖိုတဲထဲတွင် ကြက်ဥကြော်ပြီး၍မီးသတ်နေစဉ်
သမီးဖြစ်သူအိတုံမှာ အိမ်ထဲမှပျာပျာသလဲဆင်းလာသည်ကိုတွေ့ရသည်။တဲအပြင်ဘက်ကိုခေါင်းပြူထွက်ကြည့်တော့ အိတုံက ကားနားမှာရစ်သီရစ်သီလုပ်နေ၏။အိမ်ထဲမှာက ဧည့်သည်ရှိနေသည်။

*ဒီကောင်မလေး ဧည့်သည်ကိုဧည့်မခံဘဲ ဘာထွက်လုပ်ပါလိမ့်.....

အိတုံ ကားအနောက်ဘက်သို့သွားကြည့်သည်။ဘေးနားကနေ မှန်တံခါးနားကပ်ပြီး ချောင်းကြည့်၏။ဘာမှမမြင်ရ၍ နှုတ်ခမ်းစူပြီးခြေဆောင့်လိုက်သည်။ဒီတံခါးကို သူကလာမဖွင့်ပေးဘဲနှင့် သူမ မဖွင့်တတ်။မုန့်တွေလည်းယူလို့မရ။'ဒီလူကြီး တမင်သက်သက်လုပ်နေတာများလား' ဟုတွေးမိပြီး စိတ်ကကောက်ချင်လာသည်။

"ကမလေး ဘာတွေကြည့်နေတာတုံး....."

"အောင်မလေး...လန့်လိုက်တာအမေရာ... အမေက အမြဲအဲလိုပဲ...အသံမပေးဘာမပေး နောက်ကနေလိုက်လိုက်ချောင်းတာ....."

"အဲသာနောက်ထားပါ...ငါမေးနေတာ ညည်းက ဒီနားဘာလုပ်နေတာတုံး...."

"ဟိုလေ ကျုပ်အတွက် မုန့်ပါတယ်ဆိုလို့ အဟီးးလာယူတာ....ဒီမှာ တံခါးမဖွင့်တတ်လို့ ဘယ်လိုယူရမှန်းမသိ....."

"ကဲဟယ်...."

*ဒေါက်....

အိတုံစကားမဆုံးခင် ဒေါ်ဖွားချယ်၏လက်ဆစ်က သူမခေါင်းပေါ် ဒေါက်ခနဲမြည်အောင်ကျလာသည်။

"အားးလားးလားးနာလိုက်တာအမေရာ.... ကျုပ်ကို ဘာလို့ခေါက်တာတုံး...."

"ညည်းကို အိမ်ထဲမှာဧည့်သည်ကိုဧည့်ခံဖို့ ထားခဲ့တာလေ....ဒါကို ဒီမှာလာပြီး ငတ်ကြီးကျနေတာ...."

"အမေကလည်းတော်....ဘယ်မှာငတ်ကြီးကျလို့လဲ...ကျုပ်အတွက်မုန့်ပါတယ်ဆိုလို့ လာယူတဲ့ဟာကို...."

"ဟင်းးငါမပြောချင်ဘူးနော် အိတုံ....ဟိုကဧည့်သည်ရှေ့ ကလေးလိုလိုအရူးလိုလိုလုပ်မနေနဲ့....အပျိုလေးပီပီဣန္ဒြေလေးနဲ့နေစမ်း...."

"ကျုပ်က ဘာလုပ်နေလို့တုံး....မုန့်လေးလာယူတဲ့ဟာကို....သူ့ဧည့်သည်ကို မြွေကိုက်မှာကြောက်နေတာ...."

တိတ်တခိုးပျိုးတဲ့အချစ်(တိတ္တခိုးပ်ိဳးတဲ့အခ်စ္ ) Complete Dove le storie prendono vita. Scoprilo ora