အပိုင်း -၃၂ (ဇာတ်သိမ်းပိုင်း)
*စည်တော်ရွာ
အိတုံတို့တလင်းထဲတွင် မင်္ဂလာမဏ္ဍပ်ကြီးက ဟီးထနေသည်။အသံချဲ့စက်မှ မင်္ဂလာမောင်နှံအတွက် ဆုမွန်ကောင်းတောင်းပေးသည့်သီချင်းသံများမှာလည်း အဆက်မပြတ်ထွက်ပေါ်နေသည်။
မနက် ၂ နာရီကတည်းကပင် တလင်းဝိုင်းထဲ၌ လူအများသက်ဝင်လှုပ်ရှားနေကြသည်။အထပ်လိုက် အထပ်လိုက်ရှိနေသည့်ဒံပေါက်ဆန်အိတ်များမှာ တဖြည်းဖြည်းလျော့နည်းလာပြီး စားချင်စဖွယ်အနေအထားဖြစ်လာပြီ။ဧည့်သည်များကို တည်ခင်းဧည့်ခံမည့် စားပွဲများ၊ပန်းကန်များလည်း အဆင်သင့်ဖြစ်ပြီ။
ရွာရှိလူများမှာ သူ့တာဝန်နှင့်သူအလုပ်ရှုပ်နေကြသော်လည်း လင်းအိမ်ကတော့ ဘုရားခန်းမှာငုတ်တုတ်ထိုင်လျက်။နိုးနေတာကြာပေမဲ့ ဘယ်လိုကူညာလုပ်ပေးရမှန်းလည်းမသိ။သူ့ဆွေမျိုးများကတော့ ချာတိတ်မိဘများနှင့် လွယ်လင့်တကူလိုက်လျောညီထွေဖြစ်သွားကြပြီး အိမ်အောက်ရောက်သွားကြပြီ။သူ့မှာသာ သတို့သားဖြစ်ပြီး စကားပြောဖော်မရှိ တစ်ယောက်တည်းငေါင်စင်းစင်းဖြစ်နေသည်။သူ့ဇနီးလေးကို မျက်နှာသစ်သည့်အချိန်သာ ခဏစကားပြောခွင့်ရခဲ့ပြီး သူမက အခန်းထဲဝင်သွားသည်မှာယခုချိန်ထိထွက်မလာ။
နံနက်လေးနာရီကတည်းက မိတ်ကပ်ပြင်ပေးသည့်မမရှေ့မှာ အိတုံ ထိုင်နေရသည်။၆ နာရီထိုးလုလုမှာ ပြီးလုပြီးခင်ဖြစ်လာပြီ။ဒီဇိုင်နာနှင့် သေချာချုပ်ထားသည့် သနပ်ခါးရောင်မင်္ဂလာဝတ်စုံလေးက သူမကိုယ်ပေါ် ချပ်ချပ်ရပ်ရပ်ရှိနေ၏။
"လှချက်တော် ကမရယ်...ဘယက်ကြီးကလည်း တလက်လက်နဲ့....."
ဘုတ်ကြီး၏အားရပါးရချီးမွမ်းသံကြောင့် အိတုံမျက်နှာ ပြုံးပြုံးလေးဖြစ်သွား၏။သူမလှနေမှန်းလည်း သူမဘာသာလည်းသိသည်။ကိုကြီးကိုယ်တိုင် သူမကိုဆင်ပေးထားသည့်လက်ဝတ်လက်စားများမှာ စိန်အစစ်တွေချည်းသာဖြစ်၍ မိတ်ကပ်ဆရာမကတောင် ကိုင်ရမှာမဝံ့မရဲဖြစ်လှသည်ဟုဆို၏။မျက်လုံးထဲမှာကို စိန်၏တောက်ပမှုက အရည်တလဲ့လဲ့ဖြာနေသည်။သူမမှာ ပန်းအစစ်ပန်ချင်သော်လည်း မိတ်ကပ်ဆရာမက
သူမ၏နဂိုဆံပင်ကိုသာထုံးဖွဲ့ပြီး တွဲလောင်းပါသည့်စိန်ဆံထိုးကိုစိုက်ပေးခဲ့သည်။ဒီပုံစံကသာလျှင် သူမ၏လက်ဝတ်ရတနာများကို ပိုပြီးပေါ်လွင်စေသည်တဲ့လေ။
ВЫ ЧИТАЕТЕ
တိတ်တခိုးပျိုးတဲ့အချစ်(တိတ္တခိုးပ်ိဳးတဲ့အခ်စ္ ) Complete
Любовные романыဒီကမ္ဘာကြီးထဲမှာ ကိုယ်နဲ့မသိ မမြင်ဖူးတဲ့လူတစ်ယောက်ကို မှန်းဆမျှော်လင့်ပြီးချစ်နေရတာ.... ကိုယ့်အတွက်သီးသန့်မဟုတ်တဲ့ အချစ်စကားလေးတွေကိုဖတ်နေရတာ..... ကိုယ့်အတွေးထဲမှာ သူ့ကိုပုံသဏ္ဍာန်အမျိုးမျိုးဖော်ကြည့်နေတာ..... ဒီကမာၻႀကီးထဲမွာ ကိုယ္နဲ႔မသိ မျမင္ဖူးတဲ့...