အပိုင်း -၃၁
နောင်ရိုး အဘိုးဦးဟဲမိုနှင့်စကားကောင်းနေစဉ်မှာ လင်းအိမ်နှင့်အိတုံပြန်ရောက်လာသည်။ကားပေါ်မှဆင်းလာသည့်အိတုံကိုမြင်ပြီး စားနေသည့်လိမ္မော်သီးတောင် နင်ချင်သွား၏။သွားတုန်းကသနပ်ခါးအဖွေးသားနှင့်သူ့ညီမမှာ ပြန်ရောက်လာချိန်မှာတော့ မျက်နှာပြောင်နှင့်ဖြစ်နေသည်။သူ့အကြည့်က ဒိုင်းခနဲဆို လင်းအိမ်ဆီရောက်သွား၏။လင်းအိမ်၏မချိုမချဉ်အကြည့်များအောက်တွင် နှမရှိထားသည့်အစ်ကိုတစ်ယောက်၏ခံစားချက်က မစားသာလှပေ။
💮💮💮💮💮💮💮💮💮💮💮💮
"ငါ့မြေးတို့ ဒီမှာအိပ်ကြမလား...."
"ဟုတ် ဒီမှာအိပ်မှာလေဘိုး...."
အိတုံ၏အသံဆာဆာလေးထွက်လာတော့ လင်းအိမ် ထိုင်နေရာမှဆတ်ခနဲဖြစ်သွားသည်။
"မအိပ်ပါဘူး.....အိမ်ပြန်မှာ...."
"ဟယ် ကိုကြီးက ဘာမှလည်းကြိုမပြောဘဲနဲ့....ကျုပ်က ဒီမှာပဲအိပ်မယ်ထင်နေတာ....."
"ငါလည်း ဒီမှာအိပ်မယ်ထင်တာလေ.... ဒီမှာပဲအိပ်တာကောင်းပါတယ်...."
နောင်ရိုးလည်း အိတုံ၏စကားကိုနင်းပြီး ခြံမှာအိပ်ရန်မဲဆွယ်လိုက်သည်။
"အေးလေကွယ် ဒီမှာအခန်းပိုတွေအများကြီးရှိနေတာပဲ....ရောက်တုန်းရောက်ခိုက်အိပ်သွားကြပေါ့....."
အသီးပန်းကန်လာချပေးသည့်အန်တီကပါဆိုလေတော့ လင်းအိမ်မငြင်းနိုင်။
"ဒါဆို အန်တီ အိပ်ရာတွေသွားပြင်ထားတော့မယ်နော်...."
သူ အန်တီ့ကိုခေါင်းသာညိတ်ပြရသည်။
💮💮💮💮💮💮💮💮💮💮💮💮
ရွာကနေပြင်ဦးလွင်အထိ တိုက်ရိုက်လာခဲ့ရသည့်အပြင် ဘိုးနှင့်ပါထိုင်စကားပြောနေရ၍ အိတုံ ကျောဆန့်ချင်လှပြီ။ခိုးခိုးပြီးသမ်းလွန်းလို့လည်း မျက်ရည်လေးများတောင် ဝေ့လာသည်။။
လင်းအိမ် ပင်ပန်းနွမ်းနယ်နေသည့်ချစ်သူကို သတိထားမိသွား၏။
"ချာတိတ် ပင်ပန်းရင်နားတော့လေ...."
"ဟုတ်သားပဲ ဘိုး စကားကောင်းနေတာနဲ့ ငါ့မြေးကအိပ်ချင်ရှာရော့မယ်...ဖြူဖြူရေ ကလေးကို အခန်းပြပေးလိုက်ဦး...."
VOCÊ ESTÁ LENDO
တိတ်တခိုးပျိုးတဲ့အချစ်(တိတ္တခိုးပ်ိဳးတဲ့အခ်စ္ ) Complete
Romanceဒီကမ္ဘာကြီးထဲမှာ ကိုယ်နဲ့မသိ မမြင်ဖူးတဲ့လူတစ်ယောက်ကို မှန်းဆမျှော်လင့်ပြီးချစ်နေရတာ.... ကိုယ့်အတွက်သီးသန့်မဟုတ်တဲ့ အချစ်စကားလေးတွေကိုဖတ်နေရတာ..... ကိုယ့်အတွေးထဲမှာ သူ့ကိုပုံသဏ္ဍာန်အမျိုးမျိုးဖော်ကြည့်နေတာ..... ဒီကမာၻႀကီးထဲမွာ ကိုယ္နဲ႔မသိ မျမင္ဖူးတဲ့...